မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မြိုင်မြို့နယ်အခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဒေသခံပြည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာတွင် ထုခွဲရောင်းချပြီး အသုံးပြုနိုင်ရန် ဆိုင်ကယ် (၁)စီး၊ လက်စွပ် (၁)ကွင်း၊ နားကပ် (၁)ရံ အား လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးသည်။


“ကျွန်တော်တို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာဆိုရင် NUG ရဲ့အထောက်အပံ့လဲမရ၊ ပြည်တွင်း၊ပြည်ပထောက်ပို့ အဖွဲ့အစည်းကြီးတွေရဲ့ ကူညီထောက်ပံ့မှု့ကလည်းမရတော့ ရပ်တည်ဖို့နဲ့ တိုက်ပွဲတွေ အရှိန်မြှင့်တိုက်ခိုက်ဖို့၊ လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် အရေးတကြီး လိုအပ်နေချိန်မှာ မြိုင်မြို့နယ်ရှိ ဒေသခံ မိဘပြည်သူများက လှူဒါန်းထောက်ပံ့ပေးသည့်အတွက် မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သား အားလုံးက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။”ဟု မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။
