ကလေးမြို့နယ်အတွင်းစစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကြားယမန်နေ့(ဇူလိုင် ၁၂)တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ယနေ့နံနက်တွင်လည်းစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် ဇူလိုင် ၁၁ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။
ဇူလိုင် ၁၁ရက်တိုက်ပွဲတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့ပြီး ဇူလိုင် ၁၂ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ၁၀ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်းကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)မှရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“မနေ့က 12-7-2022 ခွေးမောင်းပွဲမှာမုန့်ဟင်းခါးအနည်းဆုံး၁၀ ပွဲပါခင်ဗျာဝမ်းသာကြဖို့ပါ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ရေးသားထားသည်။
ထို့အပြင်ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာနိူင်သည့်နေရာအားမိုင်းထောင်ထားပြီးစစ်ကြောင်းဖြတ်စဥ် ဖောက်ခွဲခဲ့ရာစစ်ကောင်စီတပ်ထပ်
မံအထိနာသွားကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကာင်စီစစ်ကြောင်းအတွင်း ဒဏ်ရာရနေသူများကို အထမ်းများဖြင့် ထမ်း၍ ခရီးဆက်နေသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။
“စစ်ခွေးတွေအထမ်းတွေနဲ့တွေ့တယ်။တော်တော်အထိနာခဲ့ပုံရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။
ထို့အပြင်ယခုရက်ပိုင်း တိုက်ပွဲဆက်နေ၍သေနတ်ကျည်လိုအပ်ချက်များနေကြောင်းလည်းPDFများကပြောသည်။
