စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက တိုက်ပွဲနားနေချိန် ၎င်းတို့နယ်မြေအတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ဝက်လက်မြို့နယ်အခြေစိုက်တောကြီးမြွေပွေး ပြောက် ကျားတပ်ဖွဲ့သည် ကျေးရွာများရှိ လမ်းများပြုပြင်ခြင်းနှင့် ရေဆိုးကန်များ သန့်ရှင်းပြုပြင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။


ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။”ဟု ပြောကြားသည်။

အလားတူ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ C&T Shwebo LDF၊ Snake Eyes LDF၊MDF Shwebo၊ Alpha 7 LDF၊ Shwebo Federal Army၊ ဒေါင်းမာန်အဖွဲ့တို့ကလည်း ယနေ့ (ဇူလိုင် ၁၃ရက်)တွင်ပြည်သူများသွားလာရန် ခက်ခဲနေသောလမ်းများကို ပြုပြင်ရှင်းလင်းပေးခဲ့သည်။
