တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ သတင်းရဲတပ်ဖွဲ့ရုံး(SBရုံး)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန့်နေ့ညကဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
PDFပူးပေါင်းအဖွဲ့က ယမန့်နေ(ဇူလိုင် ၁၃ ရက်)ည၁၁နာရီမှ ဇူလိုင် ၁၄ ရက် မနက် ၁ နာရီအထိဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ရုံးအဆောက်အဦးတစ်ခုလုံးမီးလောင်ပြာကျသွားသည်ဟုလည်း ဒေသခံအချို့ကပြောသည်။
SBရုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေစဉ်စစ်ကောင်စီတပ်မှစစ်ကားနှစ်စီးစစ်ကူလာရောက်သည်။စစ်ကူလာသောကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ခွေးတွေ(စစ်ကောင်စီတပ်)ဘက်ကအထိအခိုက်အကျဆုံးတော့မသိဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိ”ဟု ၎င်းကဆက်ပြောသည်။
အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။
တိုက်ခိုက်စီးနင်းခံရသောရုံးကိုရဲနှင့်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးများရုံးထိုင်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
