ဒီနေ့မနက်အစောပိုင်း ရန်ကုန်မှာ ငလျင်လှုပ်ခတ်သွားပြီး ငလျင်လှုပ်ရှားမှုကို ရန်ကုန်မြို့နေ ပြည်သူအများ သိရှိခံစားလိုက်ကြရပါတယ်။
နိုင်ငံတကာငလျင်တိုင်းထွာရေးစခန်းတွေရဲ့ထုတ်ပြန်ချက်အရ ဒီနေ့မနက် ၇ နာရီခွဲခန့်မှာ လှိုင်မြို့နယ်ရဲ့အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားတာပါ။
ငလျင်ရဲ့အင်အားကတော့ ရစ်ချ်တာစကေး ၃ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ဖြစ်တယ်လို့သိရပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကို လှိုင်မြို့နယ် ၊ မရမ်းကုန်း ၊ကမာရွတ် ၊ အင်းစိန် စတဲ့ မြို့နယ်တွေက ပြည်သူအများ သိသိသာသာခံစားလိုက်ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ − YHT ဝက်ဆိုက်
