စစ်တပ်အာဏာသိမ်းပြီးနောက် ၁၅ လတာကာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၁၄ ဦးရှိပြီး ကျဆုံးသူ ၁ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဒီစာရင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်တာပါ။
ဖမ်းဆီးခံရပြီးနောက်အခြေအနေ မှာ ထောင်ချခံထားရသူ ၈ ဦး ၊ အင်းစိန်ထောင်ကိုရောက်ပြီး ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရသူ ၃ ဦး ၊ သတင်းမရသူ ၂ ဦး ၊ စစ်ကြောရေး ရောက်နေသူ ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။
ကျဆုံးသွားတဲ့ကျောင်းသူကတော့ ရူပဗေဒဌာနမှ နောက်ဆုံးနှစ်ကျောင်းသူဖြစ်ကာ ရန်ကုန်မှာ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင် သွေးသောက်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားတာလို့ ဆိုထားပါတယ်။
