ကေအဲန်ယူထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ တပ်အင်အားဖြည့်ဆည်းဖို့ ရောက်ရှိလာတဲ့ နယ်ခြားစောင့်တပ်(BGF) ကားတစ်စီးကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က လက်နက်နဲ့ တပ်အင်အားဖြည့်ဆည်းဖို့အတွက် ကေအဲန်ယူ-ဖာပွန်ခရိုင် ကမမောင်းကနေ ကတိုင်တိဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ၁၀၁၃ တပ်ရဲ့ ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာပါ။
ဒီလို KNLA တပ်မဟာ ၅ က ပစ်ခတ်ရာမှာတော့ ကားပေါ်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၇ ဦးလုံး သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရခဲ့ကာ ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
