စစ်အာဏာရှင်တော်လှန်ရေးအတွက်မြိုင်မြို့နယ် ဒေသခံပြည်သူများက သူတို့ပိုင်ဆိုင်သောရွှေထည်လက်ဝတ်လက်စားများကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့လှူဒါန်းနေကြသည်။
ဒေသခံပြည်သူများ လှူဒါန်းနေသည့် ရွှေထည်လက်ဝတ်လက်စားများနှင့် ဓာတ်ပုံမှတ်တမ်းများကို မြိုင်မြို့အခြေစိုက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်က ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ကျေးရွာတွေ စစ်ကြောင်းထိုး၊တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်မွှေ၊ ရွှေတိုငွေစမြင်ရင်ကလေးစုဘူးတောင်မချန်လိုချင်တာ အကုန်ယူ၊မလိုအပ်မှ မီးရှို့တဲ့အထဲPDF တွေမပါဘူး။ပြည်သူချစ်လို့ လှူတာ၊ပြည်သူစစ်လို့ကူတာဂုဏ်ယူစရာပါ” ဟုဂဠုန်ပြောက်ကျားတပ်ဖွဲ့_မြိုင်က ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုးပေးနေကြသည်။
” မြိုင်ဟာ ဒီတော်လှန်ရေးမှာ သမိုင်းသစ်ရေးထိုးမယ့်ဒေသတွေထဲက တစ်ခုပဲ။ ကျွန်မတို့က PDF ရဲဘော်တွေနဲ့တစ်သားတည်းရပ်တည်တယ်။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ နည်းမျိုးစုံတော်လှန်သွားမယ်”ဟု မြိုင်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
မြိုင်ဒေသမှပြည်သူများက စစ်ကောင်စီဆန့်ကျင်ရေးသပိတ်ပြုလုပ်ရင်း PDF အဖွဲ့များထံ၎င်းတို့၏ နားဆွဲ ၊နားကပ်၊လက်စပ်အပါအဝင် လက်ဝက်လက်စားများကို ယခင်ကလည်းလှူဒါန်းခဲ့ကြသေးသည်။
