ရမည်းသင်းမြို့နယ် အုတ်ဖို(အနောက်)ကျေးရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်ကိုဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်းY-PDF(Yamethin)က ယနေ့(ဇူလိုင် ၃)ထုတ်ပြန်သည်။
ယနေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့နယ် သဲကျွန်းအုပ်စု၊ အုပ်ဖို(အနောက်)ကျေးရွာအုပ်ကြီး ဝင်းမြင့်(ခ)ငါးဖြူစလင်၏နေအိမ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ဝင်းမြင့်(ခ)ငါးဖြူစလင်သည် ကျေးရွာအတွင်းရှိလူငယ်များအား PDF နှင့်အဆက်အသွယ်ပြု လုပ်သည်ဟုအကြောင်းပြကာရဲနှင့်ပေါင်း၍ဖမ်းစီးချုပ်နှောင်ပြီးရိုက်နှက်ငွေတောင်းနေ သည်မှာ ၉ ယောက် ၁၀ ယောက်ခန့်ရှိပြီဟု အ သိပေးလာသဖြင့် သွားရောက်စုံစမ်းရာမှန်ကန်ကြောင်းထုတ်ပြန်
သည်။
ထို့ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဝင်းမြင့်(ခ)ငါးဖြူစလင်၏နေအိမ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းဖြစ်သည်ဟု ရမည်းသင်းPDFမှ ထုတ်ပြန်ထားသည်။
“တစ်မြို့နယ်တည်းနေပြည်သူအချင်းချင်းဖြစ်တဲ့အတွက်အသက်ဆုံးရှုံးသည်အထိ မတိုက် ခိုက်လိုတာကြောင့် ခုလိုတိုက်ခိုက်ခြင်းဖြစ်ပြီး စကစ လက်ပါးစေများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကိုရပ်တန်းကရပ်ကြရန်၊ ရမည်းသင်းမြို့နေပြည်သူများအနေဖြင့်လည်း ဆက်လက်ပီး ဝိုင်းဝန်းကူညီပံ့ပိုးပေးပါရန် မေတ္တာ ရပ်ခံပါတယ်”ဟုရမည်းသင်း-PDFမှ ရဲဘော်တစ်ဦးက ပြောသည်။
ရမည်သင်းPDFတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်လျှက်ရှိရာ ဇူလိုင် ၁ ရက်နေ့ညပိုင်းက ရမည်းသင်းမြို့ အုန်းပင်ရပ်ကွက်နေ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏နေအိမ်အား ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
