မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မနေ့က မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံကာ မြန်မာ့အရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲကို ပြင်သစ်သံအမတ်ကြီး၊ အမေရိကန် ၊ ဥရောပသမဂ္ဂက သံတမန်တွေ ၊ သြစတြးလျ သံရုံးအကြီးအကဲတက်ရောက်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အမြင်သဘောထားနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံဆိုရင် စစ်ကောင်စီကို သံတမန်အဆင့်လျော့ချထားပြီး ဆက်ဆံနေတဲ့နိုင်ငံဖြစ်ပါတယ်။
