တန့်ဆည်မြို့နယ်အင်္ကုက္ကားကျေးရွာရှိပျူစောထီးခေါင်းဆောင်တစ်ဦး၏နေအိမ်သို့ရောက်နေသောစစ်ကောင်စီတပ်ကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare.K.P.K တပ်ဖွဲ့ကထုတ်ပြန်သည်။
ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ၁၇ ဦးခန့်သေဆုံးကာ အများအပြန်ဒဏ်ရာရရှိသွားပြီး ပြန်လည်ခုခံနိုင်ခြင်းမရှိသည့်အတွက်ပြည်သူ့ရဲဘော်မဟာမိတ်ညီနောင်များအောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့သည်ဟုအသိပေးထားသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုကို People’s Spring ကသီးခြားအတာ်မပြုနိုင်ပါ။
ထို့အပြင် ယင်းနေ့ညပိုင်းက တန့်ဆည်မြို့ပေါ်မှနေ၍ စစ်ကောင်စီတပ်များအား ဖောကားတစ်စီးဖြင့် တိုက်ခိုက်ခံရသောပျူခေါင်းဆောင်ရှိသည့်ကျေးရွာသို့ စစ်ကူလွှတ်ခဲ့ရာ မြို့အထွက်တစ်နေရာတွင် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အထက်ပါတိုက်ခိုက်မှုများကို Guerrilla Warfare K.P.K၊ PRLF၊ TPC ၊ Taze Tiger၊ ရွှေဘိုခရိုင်တပ်ရင်း (၆)၊ TSR နှင့် ပလဖတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
