ချောင်းဦး – မြင်းမူလမ်းပိုင်းတွင် ကားပေါ်မှဆင်းပြီး မိုင်းရှာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)MSPDFက ယနေ့(ဇွန် ၁၆) ထုတ်ပြန်သည်။
ယနေ့ နေ့လယ် ၁၂နာရီခန့်က မန္တလေးမှထွက်လာသော စစ်ကောင်စီတပ်မှ စစ်ကားငါးစီး သည် ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာတွင် ကားရပ်ပြီး လမ်းဆင်းလျှောက်ကာမိုင်းရှာစဥ် ညီနောင်မဟာမိတ်အဖွဲ့မှ ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။
အထက်ပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ် ရင်း (၄)MSPDF ၊ ဗိုလ်နေတိုးပြောက်ကျားအထူးအဖွဲ့၊ Natogyi Regional Defence Force ၊ Burmese Guerrilla Force စသည့် ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
