မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ BGFဂိတ်ကို KNLAနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force – KRFက ထုတ်ပြန်သည်။
ယနေ့(ဇွန် ၁၆ ရက်)နေ့လည် ၂ နာရီခွဲခန့်တွင် တစ်ကြိမ် ၂ နာရီ ၄၅မိနစ်တွင်တစ်ကြိမ် နှစ်ကြိမ်တိုင် မဲလန် BGF ဂိတ်ကို ကျိုက်ထို KRF၊ ကျိုက်ထို(ပကဖ)နှင့် KNU/KNLA ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်သတ်မှတ်၍ နှစ်ကြိမ်တိတိ ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆို သည်။
“စစ်ကောင်စီနဲ့ BGF တွဲပြီး အထိုင်ယူထားတဲ့ဂိတ်။သူတို့ ဂိတ်စခန်းတွေကို အချိန်မရွေးထ တိုက်နိုင်တယ်ဆိုတာ ပြတဲ့ စစ်ဆင်ရေးဖြစ်တယ်ဗျ”ဟု KRF တာဝန်ရှိသူက People’s Springသို့ ပြောသည်။
တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
ယမန်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်တိုက်နယ် ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၉) စခန်းအား KNLAနှင့်PDF ပူးပေါင်းတပ်ဖွဲ့များမှသွားရောက်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများရှိသည်ဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
