close
Connect with us

Hi, what are you looking for?

All posts tagged "ကဗျာ"

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“ The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

ကဗျာ

အိပ်ယာကျဥ်းကျဥ်းလေးကနေ အတွေးအကျယ်ကြီးကို ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။ အိပ်ယာဆိုတာထက် အိပ်စရာနေရာပါ မြေကြီးနံ့နဲ့ယမ်းနံ့တွေ တခါတလေသွေးညှီနံ့တွေနဲ့ ဝေါဟာရ အရတော့အိပ်ယာပေါ့ ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင် ပိုသင့်တော်ပါတယ် မာရီနာ ။

ကဗျာ

အမြှီးကျက်လည်းခေါင်းစားတာပဲ ခေါင်းကျက်တော့လည်းခေါင်းစားတာပါပဲ ခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ ဒီဘက်ခေတ်စျေးတွေထဲမှာ ခေါင်းတွေရောင်းကောင်းလိုက်တာ လူတွေအကုန်လုံး ခေါင်းပဲစားတော့တယ်

ကဗျာ

တော်လှန်ရေး - ၁၊ အလုံပိတ်လိပ်ပြာ အရာရာဟာ ဒရွတ်ဆွဲပြီး တအိအိ ရွေ့လျားနေတယ် ထုထည်တခုလုံး လေးလံထိုင်းမှိုင်း အလင်းနဲ့အတူ စိတ်တွေက မတအားမြန်ဆန်လွန်း ရုပ်ဝတ္ထုတွေက မတအားလေးပင်လွန်း မျှော်လင့်ချက်တွေက မတအား မှောင်မိုက်လွန်း သေဆုံးပြီး ၇၂နာရီကြာအထိ မလှုပ်လာတော့ရင် တကယ်သေကြရမှာ ကယ်တင်ရှင်ဘယ်သောအခါမှမရှိ*

ကဗျာ

အိပ်မက်ထဲကို ကျနော်ရောက်နေပြန်ပြီ။ ဘယ်လိုရောက်လာမှန်းတော့ ကျနော်မသိဘူးပေါ့။ ကျနော်ရောက်တော့ ရှေ့တန်းနေရာတခုမှာ ဖြစ်နေပြီ။ ကျနော့်လက်ဖျံမှာ ရှရာတွေတွေ့တယ်၊ သွေးတွေရော သဲတွေရောနဲ့ဖြစ်နေတာ။ နာလိုက်တာလို့ တွေးနေတုန်း အသံအကျယ်ကြီးတခုကြားရတယ်။ "ဝပ်နေ... ဝပ်နေ" ဆိုတဲ့ ဆက်တိုက်အော်သံတွေပါ အသံအကျယ်ကြီးနောက်မှာ ကပ်ပါလာတယ်။ နောက်တော့ ပေါက်ကွဲသံအကျယ်ကြီးကိုပါ မရှေးမနှောင်းမှာ ကြားလိုက်ရတယ်။

ကဗျာ

တခါက ချောင်းရေစီးထဲမှာ ငှက်ပျောဖက်ကလေးကို လှေဟန်ဆောင်ပြီး မျှောခဲ့တယ်။ ပြီးတော့ မီးမီးပါးစပ်ကနေ သူ့ကို "သွားတော့။ လေယာဉ်ပျံသံတွေ နားထောင်စရာမလိုတဲ့ နေရာဆီ လွတ်အောင် သွားတော့" လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူအဝေးကြီးမသွားနိုင်ရှာပါဘူး။ ခဏနေတော့ ရေဝဲတခုထဲမှာ ဝေ့ပြီး ရေထဲနစ်သွားတယ်။ ဖေဖေဆုံးပြီးကတည်းက မေမေလည်း...

More Posts

Facebook