close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီအိုင်ဒေါလ် Winner ဆု ဂျွန်မတ် ရရှိ

တော်လှန်ရေးနယ်မြေမှာ ပထမဆုံးပြုလုပ်တဲ့ ကရင်နီ‌အိုင်ဒေါလ်ပြိုင်ပွဲမှာ Winner ဆုကို ပြိုင်ပွဲဝင် KI13 ဂျွန်မတ်က ရရှိခဲ့ပါတယ်။

ဆဏ်း/ People’s Spring

တော်လှန်ရေးနယ်မြေမှာ ပထမဆုံးပြုလုပ်တဲ့ ကရင်နီ‌အိုင်ဒေါလ်ပြိုင်ပွဲမှာ Winner ဆုကို ပြိုင်ပွဲဝင် KI13 ဂျွန်မတ်က ရရှိခဲ့ပါတယ်။

Winner ဆုအတွက် ဒိုင်တွေရဲ့ အကဲဖြတ်မှု ၅၀ ရာခိုင်နှုန်းနဲ့ ပရိသတ်တွေရဲ့ မဲပေးမှု ၅၀ ရာခိုင်နှုန်း အမှတ်ပေးဆုံးဖြတ်တာဖြစ်ပြီး ဂျွန်မတ်က ဒိုင်တွေရော ပရိသတ်မဲပေးမှုမှာပါ အမှတ်အများဆုံးရရှိခဲ့တာပါ။

ဒီဆုကိုရရှိခဲ့တာကြောင့် ဂျွန်မတ်က ဆုကြေးငွေ သိန်း ငါးဆယ်နဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြိုင်ပွဲမှာ ဆုရဖို့ အထိ မျှော်မှန်းမထားပေမယ့် ဆုရတဲ့ အတွက် ပျော်ရကြောင်း နဲ့ ပံ့ပိုးပေးခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ဂျွန်မတ်ကပြောပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်တွေထဲကနေ ဂီတပညာသင်ဆု အနေနဲ့ ရွေးချယ်ရာမှာလည်း ဂျွန်မတ်ပဲရရှိခဲ့ပါတယ်။

ဒုတိယဆုကိုတော့ ပြိုင်ပွဲဝင် KI09 ပီတာနဲ့ တတိယဆုကိုတော့ KI12 နော်ဖောတို့က အသီးသီးရရှိခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ Result Show မှာတော့ ဆန်ခါတင်ပြိုင်ပွဲဝင်တွေကလည်း သီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ကရင်နီပြည်နယ်ကလူငယ်တွေရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ The Voice Of Freedom နဲ့အတူ နယ်ပယ်အသီးသီးက တော်လှန်‌ ရေးဘက်တော်သားတွေ ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေတစ်ခုမှာ ပြုလုပ်ရတာဖြစ်တာကြောင့် အခက်အခဲတွေကြုံရပေမယ့်လည်း အားလုံးက တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေ အနေနဲ့လည်း တော်လှန် အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်း ၊ ဆရာပီးပီ ၊ ဒန်နီရယ်စော ၊ ဖိုးသင်္ကြန်နဲ့ ချမ်းချမ်းတို့ကကူညီဆောင်ရွက်ပေးခဲ့တာပါ။

ဆုရရှိသွားသူတွေအနေနဲ့လည်း ရှေ့ဆက်ပြီး ကြိုးစားသွားဖို့နဲ့ အားလုံးကစောင့်ကြည့်နေမှာဖြစ်တယ်လို့ အကဲဖြတ်ဒိုင်တွေက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးနယ်မြေမှာ ပထမဆုံးပြုလုပ်တဲ့ ကရင်နီ အိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲရဲ့ ဆုရှင်ကို ဒီနေ့ (ဇန်နဝါရီ ၂၆) ည ကြေညာပေးတော့မှာပါ။

Facebook