close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် သတင်းဌာနရဲ့ ဗီဒီယိုထဲမှာ တရုတ်အရာရှိကို ဂျပန်အရာရှိက ဦးညွှတ်နေပုံမျိုး ပါနေလို့ ဂျပန် ကန့်ကွက်

တရုတ် အရာရှိကို ဂျပန် အရာရှိက ဦးညွှတ်နေပုံမျိုး ပါဝင်နေတဲ့ ဗီဒီယို တစ်ခုနဲ့ ပတ်သက်လို့ တရုတ် အစိုးရ သတင်းဌာနကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

တရုတ် အရာရှိကို ဂျပန် အရာရှိက ဦးညွှတ်နေပုံမျိုး ပါဝင်နေတဲ့ ဗီဒီယို တစ်ခုနဲ့ ပတ်သက်လို့ တရုတ် အစိုးရ သတင်းဌာနကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုဟာ လက်ရှိ တရုတ်နဲ့ ဂျပန် တင်းမာနေမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် အခု သီတင်းပတ် အစောပိုင်းတုန်းက ဘေဂျင်းမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူး ကိုယ်စားလှယ်နဲ့ ဂျပန်ရဲ့ အာရှဆိုင်ရာ ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ ရိုက်ကူးထားတာပါ။

တရုတ်ရဲ့ လျူကျင့်ဆောင်က ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လာသူ မာဆာကီ ကာနိုင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သီးခြား သဘောတူညီမှု တစ်ခုခုတော့ မရခဲ့ပါဘူး။ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူညီဖို့ တပ်တွေ စေလွှတ်ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ် တရုတ်အစိုးရက မကျေမနပ် တုံ့ပြန်ရာက နှစ်နိုင်ငံကြား ပြဿနာတွေ ရှိနေခဲ့တာပါ။

လောလောဆယ်မှာတော့ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ဂျပန်က ကြိုးစားနေပေမယ့် တရုတ်ကတော့ ပိုပြီး တင်းမာတဲ့ သဘောထားမျိုးတွေနဲ့ တုံ့ပြန်နေတာကြောင့် ပြေလည်မှု မရသေးပါဘူး။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရပိုင် CCTV သတင်းဌာနရဲ့ လူမှုကွန်ရက် မီဒီယာမှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာတော့ လျူရဲ့ စကားကို ကာနိုင်းက နားထောင်ဖို့ ခန္ဓာကိုယ်ကို ကိုင်းထားပေမယ့် ဦးညွှတ်သလို ပုံစံမျိုး ဖြစ်နေအောင် တမင် ပြသထားကြောင်း ဂျပန်ဖက်က ဝေဖန်ခဲ့ပါတယ်။

ဂျပန်ဆီက တရားဝင် ကန့်ကွက်မှုကို လက်ခံရရှိပြီးတဲ့နောက် CCTVက ဗီဒီယိုကို ပြန်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ အရာရှိ နှစ်ဦး ဆွေးနွေးမှုအပြီး လျူက ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ကို ထည့်ရင်း မတ်တပ်ရပ်နေတဲ့အချိန် ကာနိုင်းက သူ့ကို နည်းနည်း ဦးညွှတ်နေသလို ပုံစံ ဖြစ်နေဟန် တွေ့ရပါတယ်။

တရုတ်ဟာ ဂျပန် ဝန်ကြီးချုပ် တကအိချိရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မှတ်ချက်က ရန်လိုမှု သဘောကို ဆောင်တယ်လို့ စွပ်စွဲပြီး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားပေမယ့် ဂျပန် အစိုးရကတော့ ငြင်းဆိုထားပါတယ်။ အဲဒီနောက်ပိုင်း တရုတ်ဟာ ဂျပန်အပေါ် ကုန်သွယ်ရေး၊ စီးပွားရေး၊ သံတမန်ရေးအရာ ဆက်တိုက် ဖိအားပေးတဲ့ ခြေလှမ်းတွေ စတင်လာတာကြောင့် နှစ်ဖက်ကြား တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ နှစ်ဖက် ဆက်ဆံရေး တင်းမာနေမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်ပြီး ဂျပန်ဟာ သံတမန်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးကို ဘေဂျင်းမြို့ဆီ စေလွှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်အုပ် တစ်ခုက ဂျပန်ထိန်းချုပ်ထားရာ ကျွန်းစုနားကနေ ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်အရေးမှာ ဓားခုတ်ရာ လက်ဝင်လျှိုပြီး စစ်ရေးအရ စွက်ဖက်မယ်ဆိုရင် စုတ်ပြတ်သတ်သွားတဲ့ အရှုံးမျိုးနဲ့ ကြုံရစေမယ်လို့ ဂျပန်ကို တရုတ်က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။