close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း လူနေတိုက်တွေကို ရုရှား တိုက်ခိုက်လို့ ၂၆ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံ အနောက်ပိုင်းက လူနေတိုက်တွေကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းနိုင်ငံ အနောက်ပိုင်းက လူနေတိုက်တွေကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က တိုက်ခိုက်မှုအတွင်း တာနိုပယ်လ်မြို့ထဲက တိုက်နှစ်လုံးမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ ရုရှား-ယူကရိန်း စစ်မြေပြင်နဲ့ ဝေးကွာတဲ့ ယူကရိန်းနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ ကြုံတွေ့ဖူးသမျှ အသေအပျောက် အများဆုံး စာရင်းဝင် တိုက်ခိုက်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

သေဆုံးသူ ၂၆ ဦးထက်မနည်း ရှိခဲ့ပြီး ၉၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်သေဆုံး စာရင်းထဲက ၁၈ ဦးဟာ ကလေးတွေဖြစ်ကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို အဓိက တာဝန်ယူရတဲ့ ယူကရိန်း လေတပ်ကတော့ ရုရှားရဲ့ X-101 ခရုစ် ဒုံးကျည်တွေက လူနေတိုက်တွေကို ထိမှန်ခဲ့တာလို့ ပြောပါတယ်။ ရုရှားဟာ တာနိုပယ်လ် အနီးမှာရှိတဲ့ လာဗစ်ဗ်နဲ့ အိုင်ဗာနို-ဖရန်ဗစ်ခ် ဒေသတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ယူကရိန်း အရှေ့ပိုင်းက ခါကစ်ဗ်မြို့မှာ ရုရှား ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ကတော့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရုရှားပစ်ခတ်ခဲ့တဲ့ ဒရုန်း ၄၇၆ စီးထဲက ၄၄၂ စီးနဲ့ ဒုံးကျည် ၄၈ စင်းထဲက ၄၁ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီထဲက ဒုံးကျည် ၁၀ စင်းကိုတော့ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ပေးခဲ့တဲ့ F-16 တိုက်လေယာဉ်တွေက ပစ်ချခဲ့တာလို့ သိရပါတယ်။

၂၀၂၂ မှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက တာနိုပယ်လ်မြို့ဟာ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခံရမှုမျိုး ကြုံတွေ့ရတာ အတော်လေး ရှားခဲ့ပါတယ်။ တာနိုပယ်လ်ဟာ မြို့တော် ကိယက်ဗ်ထက်ကို အနောက်ဖက် ပိုလန် နယ်စပ်နဲ့ ပိုပြီး နီးနီးကပ်ကပ် တည်ရှိပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ကောင်းကင်ယံမှာ ဒုံးကျည်တွေ ချဉ်းကပ် ပျံသန်းလာတာ တွေ့ရပေမယ့် လေကြောင်း ကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချနေတာမျိုးကတော့ အရမ်းနည်းပါးခဲ့ဟန် ရှိပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တာနိုပယ်လ်မြို့မှာ ရုရှားဒုံးကျည် ထိမှန်တဲ့ အဆောက်အအုံတစ်ခု ဆိုးဆိုးရွားရွား ပြိုကျ ပျက်စီးနေတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။ ထိခိုက်သေဆုံးသူ အများအပြားဟာ အပျက်အစီးပုံတွေ အောက်မှာ ပိမိနေခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်း မြို့ရွာတွေကို ပစ်မှတ် တိတိကျကျ ချေမှုန်းနိုင်တဲ့ တာဝေး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ရေးနဲ့ သက်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေ၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာသွားပါတယ်။

ဒါဟာ ယူကရိန်းက ရုရှားရဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့လို့ လက်တုံ့ပြန်တာ ဖြစ်တယ်လို့လည်း ရုရှားက အကြောင်းပြချက် ပေးပါတယ်။ ယူကရိန်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့တုန်းက နိုင်ငံတောင်ပိုင်း၊ ဗိုရိုနက်ဇ်မြို့ကို ဒုံးကျည် ၄ စင်းနဲ့ ပစ်ခတ်ခဲ့ကြောင်း ရုရှားက စွပ်စွဲပြီး အားလုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်း စစ်တပ်ကတော့ အမေရိကန် ထောက်ပံ့ထားတဲ့ ATACMS တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားပိုင်နက် အတွင်းပိုင်းက စစ်ရေးပစ်မှတ်တွေကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းအတွက် ပြင်သစ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ် အစီး ၁၀၀ နဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ ရေရှည် ထောက်ပံ့ ရောင်းချပေးသွားဖို့ သဘောတူညီ စာချုပ်ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားမှာ အထင်တကြီး စောင့်ကြည့် ခံနေရတဲ့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်ဟာ ပွဲဦးထွက် မိတ်ဆက်တဲ့ အခမ်းအနားမှာတင် ဟပ်ထိုးမှောက်ခုံလဲပြီး အရှက်ကွဲခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ် တစ်စီးကို ခိုးယူဖို့ ယူကရိန်းနဲ့ ဗြိတိန်တို့ ပူးပေါင်း ကြံစည်ခဲ့ကြောင်း ရုရှား ထောက်လှမ်းရေးဌာန (FSB)က စွပ်စွဲ ပြောကြားခဲ့ပါတယ်။