close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်သူလျှိုလို့ စွပ်စွဲခံရသူ ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်း ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

တရုတ် သူလျှိုအဖြစ် စွပ်စွဲခံရသူ ဖိလစ်ပိုင်ရဲ့ မြို့တော်ဝန်ဟောင်း တစ်ဦးဟာ ငွေလိမ် (ကျားဖြန့်)လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်တစ်သက် ချမှတ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Getty Images

တရုတ် သူလျှိုအဖြစ် စွပ်စွဲခံရသူ ဖိလစ်ပိုင်ရဲ့ မြို့တော်ဝန်ဟောင်း တစ်ဦးဟာ ငွေလိမ် (ကျားဖြန့်)လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်တစ်သက် ချမှတ် ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ အဲလစ်ချောင်နဲ့ တခြား ၃ ဦးဟာ ထောင်ဒဏ်တစ်သက် စီရင်ချက်တွေ အသီးသီး ချမှတ် ခံခဲ့ရသလို ဒဏ်ငွေ ပီဆို ၂ သန်း၊ တစစ်နည်းအားဖြင့် ဒေါ်လာ ၃၄၀၀၀ နီးပါး အရိုက်ခံခဲ့ရပါတယ်။

အဲလစ်ရဲ့ အမှုဟာ ဖိလစ်ပိုင်မှာ အရှုပ်ထွေးဆုံး ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် အဲလစ်ဟာ ဘမ်ဘန်ဆိုတဲ့ မြို့ငယ်လေး တစ်ခုရဲ့ မြို့တော်ဝန်ဟောင်းပါ။ သူဟာ ၂၀၂၂ ခုနှစ်တုန်းက မနီလာမြို့တော် မြောက်ပိုင်းမှာ တည်ရှိတဲ့ ဘမ်ဘန်ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

သိပ်ပြီး လူသိမများခဲ့တဲ့ မြို့လေးဟာ နောက်ပိုင်းမှာတော့ ဖိလစ်ပိုင်ရဲ့ အာရုံအစိုက်ခံရဆုံး နေရာတစ်ခု ဖြစ်လာပါတယ်။ အကြောင်းကတော့ ပြည်တွင်းမှာ ပိုဂိုလို့ ခေါ်ဝေါ်လေ့ရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အကြီးဆုံး ကွန်ရက်ဟာ အဲဒီမြို့မှာ ရှိနေကြောင်း စစ်ဆေး ပေါ်ပေါက်လာတာကြောင့်ပါပဲ။

Public Service Announcement

Public Service Announcement

အစိုးရ ရှေ့နေတွေက အဲလစ်ဟာ အဲဒီဂိုဏ်းတွေနဲ့ တိုက်ရိုက် ဆက်နွှယ် ပတ်သက်နေပြီး ကျားဖြန့်လုပ်ငန်းတွေရဲ့ အကူအညီနဲ့ ငွေကြေး ခဝါချခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူ့အပေါ် အဓိက ပစ်မှတ်ထားခဲ့တဲ့ စွဲချက်ကတော့ လူမှောင်ခို လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုဖြစ်ပြီး ဘမ်ဘန်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံရသူ ဖိလစ်ပိုင်နဲ့ နိုင်ငံခြားသား ၈၀၀ လောက်ကို အာဏာပိုင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။

ဘမ်ဘန်မြို့ထဲက ကျားဖြန့်လုပ်ငန်း ခြံဝန်းကြီးက ၈ ဟက်တာကျယ်ပြီး မြို့တော်ဝန်ရုံးနဲ့ မနီးမဝေးမှာ တည်ရှိခဲ့ပါတယ်။ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးတဲ့အခါ အဆောက်အအုံပေါင်း ၃၆ ခုကို တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ အဲဒီနေရာရဲ့ မြေပိုင်ရှင်ဟောင်းဟာ အဲလစ် ဖြစ်ပါတယ်။

တရုတ် သူလျှိုအဖြစ် စွပ်စွဲမှုတွေကတော့ သူ့ဘဝ ဇာတ်ကြောင်းကို အဲလစ်က လူသိရှင်ကြား ထုတ်ပြောထားတာတွေနဲ့ မကိုက်ညီရာက စတင်လာခဲ့တာပါ။ အဲလစ်က သူဟာ ဖိလစ်ပိုင်မှာ မွေးဖွားခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်း စုံစမ်းမှုတွေအရ သူဟာ ဆယ်ကျော်သက် အရွယ်ရောက်မှ တရုတ်ကနေ ဖိလစ်ပိုင်ကို မိသားစုနဲ့အတူ ပြောင်းရွှေ့ အခြေချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။ ပြီးတော့ ချောင်ဟွာပင်ဆိုတဲ့ တရုတ် အမျိုးသမီး တစ်ဦးနဲ့ သူ့ရဲ့ လက်ဗွေရာက ကိုက်ညီနေပါတယ်။

သူလျှို စွပ်စွဲချက်တွေကြောင့် သူဟာ မြို့တော်ဝန် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ လုပ်ဆောင်နေချိန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဟာ ဒေသတွင်း နိုင်ငံတွေကိုပါ ဆက်သွယ် ချိတ်ဆက်ပြီး သူ့ကို ဖမ်းမိဖို့ ကြိုးစားခဲ့ပါတယ်။ အဲလစ်ဟာ သီတင်းပတ်တချို့ ခြေရာဖျောက်နေနိုင်ခဲ့ပေမယ့် အဲဒီနှစ် စက်တင်ဘာလတုန်းက အင်ဒိုနီးရှား နိုင်ငံမှာ အဖမ်းခံခဲ့ရပြီး ဖိလစ်ပိုင်ဆီ ပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ဖိလစ်ပိုင် နိုင်ငံသား ပတ်စ်ပို့တ်လည်း ပယ်ဖျက်ခံခဲ့ရပါတယ်။

အဲလစ်က သူ့အပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုထားပြီး သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။ သူ့အပေါ် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့မှုအပေါ် အမျိုးသမီး အနေနဲ့ အယူခံ ဝင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ ငွေကြေး ခဝါချမှု အပါအဝင် နောက်ထပ် စွပ်စွဲချက် ၅ ခုနဲ့လည်း ဆက်ပြီး အမှုရင်ဆိုင်နေရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရွှေကုက္ကိုလ်မြို့သစ်မှာ ရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကိုအပြီးတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကြွေးကြော်လာပြီးနောက် ကျားဖြန့်လုပ်ငန်းခွင်မှာလုပ်ကိုင်သူတွေ အလုံးအရင်းနဲ့ မနေ့ ( နိုဝင်ဘာလ ၁၇ရက်)ညတွင်းချင်းပင် နေရာရွေ့ပြောင်းကြပါတယ်။

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ်အတွက် အသေအပျောက် အဆိုးဆုံး မုန်တိုင်းကြီးဒဏ်ကို လောလောလတ်လတ် ခံစားထားရတဲ့ ဖိလစ်ပိုင်ဟာ နောက်ထပ် အင်အားပြင်း မုန်တိုင်း တစ်ခုရဲ့ ဦးတည် ချဉ်းကပ်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။