close
Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းအောင်ပွဲ NUG ကာကွယ်ရေးနှင့် ချင်းပြည်ကောင်စီ ဂုဏ်ပြု

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။

ဖလမ်းမြို့အား သိမ်းပိုက်အပြီး အောင်ပွဲခံနေသော ချင်းညီနောင်ပူးပေါင်းအဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - CJ

ဧပြီ၁၁၊၂၀၁၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။

ဖလမ်းအခြေစိုက် ခလရ(၂၆၈)တပ်ရင်း စစ်ကောင်စီတပ်စခန်းအား ချင်းညီနောင်က ဧပြီ ၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ သိမ်းပိုက်နိုင်မှုအပေါ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အသက်ပေးလှူသွားကြသည့် တော်လှန်ရေးရဲဘော်များအား ဦးညွှတ်ကြောင်း ဖော်ပြကာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားကြသည့် ရဲဘော်များ၏ ပေးဆပ်မှုအပေါ် ဂုဏ်ယူလေးစားကြောင်း ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းပြည်နှင့်ချင်းအမျိုးသား တည်ဆောက်ရေးတို့အတွက် ချင်းပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ကြေညာခဲ့သည်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ စုဖွဲ့ထားခြင်းဖြစ်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်နှင့် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းရေး သဘောတူညီချက် ရယူထားသည့် ချင်းတော်လှန်ရေး အင်အားစုဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် ဂုဏ်ပြုသဝဏ်လွှာကို ဧပြီ ၈ရက်ကတည်းက ပေးပို့ထားရာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက်နှင့် ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းများအတွက်လည်း လေးစား ဦးညွှတ်ကြောင်း ဖော်ပြသည်။

ချင်းညီနောင်များအနေဖြင့် ပြည်ထောင်စုတဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်းNUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက CNF အပါအဝင် တော်လှန်ရေးအဖွဲ့များ၏ ဂုဏ်ပြုမှုကို ကြိုဆိုကြောင်းနှင့်မြေပြင်၌ အမှန်တကယ် လက်တွဲလုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်း ပြောပြသည်။

ချင်းပြည်အမြန်ဆုံးလွတ်မြောက်ရေး ကျန်နေသည့် စစ်ကောင်စီတပ်များမြို့များ သိမ်းနိုင်ရေး ချင်းညီနောင်အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆလိုင်းတီမီက ပြောကြားသည်။

ဆက်စပ်သတင်းများ

Infographics

ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်​ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းမှ တပ်ရင်းမှူး ဝေလင်းထွန်း သေဆုံးပြီး ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော် ဖမ်းမိထားကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

မေးမြန်းခန်း

ချင်းညီ​နောင်​ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သလို CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ နဲ့​မေးမြန်းခန်း

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။