close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်ဟာ ပျက်ကျခဲ့တာလို့ ဖိလစ်ပိုင် လေတပ် အတည်ပြု၊ လေယာဉ်မှူးတွေ သေဆုံး

စစ်ဆင်ရေး တစ်ခုမှာ ပျောက်ဆုံးသွားတဲ့ တိုက်လေယာဉ်ဟာ ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် လေတပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆင်ရေး တစ်ခုမှာ ပျောက်ဆုံးသွားတဲ့ တိုက်လေယာဉ်ဟာ ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် လေတပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့မှာတော့ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ တောင်ထူထပ်ရာ ဧရိယာ တစ်ခုမှာ FA-50 တိုက်လေယာဉ် အပျက်အစီးတွေနဲ့ လေယာဉ်မှူး နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

တောင်ကိုရီးယားလုပ် အပေါ့စား စူပါဆောနစ် တိုက်လေယာဉ်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မင်ဒါနာအို ပြည်နယ် မြောက်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း ပျက်ကျခဲ့တာလို့ လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က လေယာဉ်ဟာ ဖိလစ်ပိုင် မြေပြင်တပ်တွေကို လေကြောင်းပစ်ကူပေးတဲ့ မစ်ရှင်အဖြစ် ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့တာပါ။

လေယာဉ်မှူး နှစ်ဦးစလုံးဟာ လေယာဉ်ပျက်ကျချိန်မှာ လေထီးနဲ့ ခုန်မထွက်နိုင်ခဲ့ဘဲ လေယာဉ် ကိုယ်ထည်ထဲမှာပဲ ရှိနေခဲ့တယ်လို့ အရှေ့ မင်ဒါနာအိုဒေသ စစ်ဦးစီး ဌာနချုပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး လူးဝစ် ရက်စ် ဘာဂန်တီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ကို ဖိလစ်ပိုင်ရဲ့ ပဉ္စမ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကာလန်တွန်ဂန် တစ်နေရာမှာ ရှာတွေ့ခဲ့တာပါ။ ဘူကစ်နွန် ပြည်နယ်ထဲမှာ တည်ရှိတဲ့ အဲဒီတောင်ဟာ မီတာ ၂၈၈၀ မြင့်မားပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေကိုတော့ စတင်နေပြီ ဖြစ်ပါတယ်။ ဒီအတောအတွင်း ဖိလစ်ပိုင် လေတပ်ဟာ FA-50 တိုက်လေယာဉ်တွေ အားလုံးကို ပျံသန်းခွင့် ယာယီ ဆိုင်းငံ့ထားမယ်လို့လည်း ကြေညာထားခဲ့ပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

Facebook