close
Connect with us

Hi, what are you looking for?

သတင်း

အင်းတကော်တွင် စစ်မှုထမ်းကြေးကောက်ခံပြန်လာသည့် ရာအိမ်မှူး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ ရာအိမ်မှူးကျော်ထူးသည် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများအပေါ် ‌အတင်းအကျပ်ငွေကြေးကောက်ခံခြင်းအပါအဝင် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အင်းတကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တေဇ/People’s Spring

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ ရာအိမ်မှူးကျော်ထူးသည် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများအပေါ် ‌အတင်းအကျပ်ငွေကြေးကောက်ခံခြင်းအပါအဝင် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အင်းတကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဖြစ်စဥ်ကတော့ သူတို့စစ်မှုထမ်းကြေး ဒီနေ့ ကောက်မှာသိရလို့ နေ့လည်ပြန်ချိန် သူတစ်ယောက်ထဲ ဖြစ်မယ့်အချိန်စောင့်လုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ရာအိမ်မှူးသည် စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ဆင်းရဲချမ်းသာမရွေး မညှာမတာ ငွေကောက်ခံခြင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်ခြင်း ၊ ပြဿနာတစ်ခုခုဖြစ်ပါက စစ် ကောင်စီတပ်ဖွဲ့ဝင်များကိုခေါ်၍ ဖြေရှင်းခြင်းများလုပ်ဆောင်နေကြောင်း ပြည်သူများက တိုင်ကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါရာအိမ်မှူးအား မတ်လ ၅ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကင်းပိုင်ကျုံ-ကျောက်တန်းလမ်းတစ်နေရာ၌ သေနတ်နှစ်ချက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဖြစ်စဥ်အပြီးမှာ ဖြစ်တဲ့ရွာနဲ့အနီးနားရွာတွေကို စခတွေ အများပြားရောက်ရှိလာပြီး စစ်ဆေးမှုတွေလမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

ရွာခံ လေးငါးခြောက်ဦးခန့်ကိုလည်း ဖမ်းသွားတယ်လို့ သတင်းရပါတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့်ဒေသခံများအား ပဲခူးမြို့သို့ခေါ်ဆောင်သွားသောကြောင့် ၎င်းတို့၏မိသားစုဝင်များက စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

“စစ်ကောင်စီထောက်တိုင်များအား အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG ရဲဘော်များမှ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားထိပါးစေမည့် မည်သည့်ရမ်းကားမှုမျိုးမှ လက်ခံမည် မဟုတ် ကြောင်း အသိပေးအပ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေ‌ဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။

သတင်း

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

Facebook