close
Connect with us

Hi, what are you looking for?

သတင်း

ILOရဲ့ ပုဒ်မ(၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ စစ်ကိုင်းတိုင်းမှာ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့အတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း​က “ILO ပုဒ်မ ၃၃အရ ချက်ချင်းအရေးယူ ပေး – ILO implement Article 33 on Myanmar Now 2025” စာသားနဲ့ ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမပင်မြို့နယ်မှာလည်း ဒေသခံသပိတ် အင်အားစုက ဦးဆောင်ကာ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူတွေ ပါဝင်ခဲ့ပြီး “ILO ပုဒ်မ ၃၃အရ အရေးယူဆောင်ရွက်ပေး”၊ “ILO implement Article 33 on Myanmar Now 2025” ဆောင်ပုဒ်နဲ့ စုပေါင်း​တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းသပိတ်အင်အားစု၊ ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေသော စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သတင်း

အိန္ဒိယနိုင်ငံရှိ မြန်မာစစ်ရှောင် ဒုက္ခသည်များ ဖမ်းဆီးခံရမှုနှင့် စစ်ကောင်စီထံ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရကြောင်း India For Myanmar က ယနေ့ (မတ်လ ၄ရက်)ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း - မလယ်လမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကာ ကားတစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၄)ကထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook