close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် မံစီမြို့ကို KIAက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်၍ ယနေ့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ယနေ့ (ဒီဇင်ဘာ ၆ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့တိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများတွေ့ရစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ယနေ့ (ဒီဇင်ဘာ ၆ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၆ရက်)နံနက် ၅နာရီမှစ၍ ဗန်းမော်နှင့်မံစီမြို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ငါတို့ဘက်က ထိုးစစ်အရှိန်မြှင့်တင်တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

KIAသည် ဒီဇင်ဘာ ၄ရက်ကစ၍ ဗန်းမော်နှင့် မံစီ ဒေသတစ်ခုလုံးသိမ်းနိုင်ရေး တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ တစ်လကျော်အကြာတွင် ထပ်မံ ထိုးစစ်အရှိန်မြှင့်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နေ့စဉ်လေကြောင်း ပစ်ကူ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံနေသည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။

ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း ယနေ့တွင် ဗန်းမော်နှင့် မံစီမြို့တွင် KIA၏ ထိုးစစ် ပြန်စ၍ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု ပြောသည်။

“ဒီလထဲမှာပိုပြီးပြင်းထန်နိုင်။KIA ကတော့ မရရအောင် တိုက်ယူလိမ့်မယ်။ စကစဘက်လည်း အပြင်းအထန်ခုခံနေဆဲ။ KIA ဘက်ကလည်း ပျောက်ကြားထိုးစစ်ဆင်နေတယ်လို့ KPDF အရာရှိတစ်ယောက်က သတင်းပေးပို့ထား။

စကစက ဒရုန်းနဲ့လက်လက်ကြီးပစ်တာများနေတယ်လို့ သိရပါတယ်။ ဒီလထဲတော့ ဗန်းမော်နဲ့မံစီ အဖြူအမဲ အဖြေထွက်မယ်ထင်တယ်”ဟု ဦးဇော်ဆန်က ပြောသည်။

ပြီးခဲ့သည့် တစ်လတာတိုက်ပွဲအတွင်း ဗန်းမော် နှင့်မံစီမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KIAဘက်က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်တို့က အသိပေးသော်လည်း တိုက်ပွဲရလဒ် အသေးစိတ် အချက်အလက်များ ကို KIAဘက်က သတင်းထုတ်ပြန်ခြင်း ပြောပြခြင်းမရှိသေးပေ။

ထို့အပြင် နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီဘက်က အလံဖြူထောင်လက်နက်ချသူများလည်း ရှိခဲ့သည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။

သတင်း

မိုးမောက်နှင့် ဒေါ့ဖုန်းယန်သို့ စစ်ရှောင်နေသည့် ဗန်းမော်ဒေသခံ ၁၅,၀၀၀ခန့်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေ

သတင်း

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယမန်နေ့က တိုက်ပွဲဆက်ရှိဟု လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။