close
Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းတွင် အရပ်သားများဖုန်းပြောနေသည့်နေရာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ငါးဦးသေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာ ခဏပြုလုပ်နေရာ ယမန်နေ့ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦး ထပ်မံသေဆုံးခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့အား AAသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာ ခဏပြုလုပ်နေရာ ယမန်နေ့ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦး ထပ်မံသေဆုံးခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာကို ဒီဇင်ဘာ ၅ရက် ညနေ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

ဒေသခံများသည် ဖုန်းလိုင်းဆက်သွယ်ရေးရသည့်နေရာသို့ သွား၍ ဖုန်းပြောနေစဉ် အဆိုပါနေရာတည့်တည့်အပေါ် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဒေသခံ၅ယောက် သေဆုံးပါတယ်။ ဒဏ်ရာရတဲ့ သူလည်းရှိတယ်။ သေဆုံးသူက ၅ယောက်ထက်လည်းပိုနိုင်တယ်။ ပုဏ္ဏားကျွန်းကို သူတို့ အငြိုးတကြီးလုပ်နေတာ။ လက်နက်ကြီးရော၊ လေကြောင်းရောပစ်နေတာပါ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုပြင်းထန်သောကြောင့် သေဆုံးသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ လွင့်စင်သွားသည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ဘယ်သူဘယ်ဝါတွေ သေဆုံးလဲဆိုတာ အတည် မပြုနိုင်သေးဘူး။ ဒေသခံတွေက လေကြောင်းအန္တရာယ်ကိုကြောက်လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိဘူး ဖြစ်နေကြတယ်”ဟု ၎င်းက ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၃၁ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ငါးဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ရက် အတွင်း အရပ်သား ၁၀ဦး သေဆုံးခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့နှင့်ဆက်စပ်နေသည်။ စစ်တွေမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ စစ်ရေးတင်းမာနေသည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့ကိုသာ သိမ်းယူရန်ကျန်ရှိတော့ပြီး ကျန်မြို့နယ်များကို သိမမးပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း AAက ဒီဇင်ဘာ၂၉ရက်တွင် ကြေညာထားသည်။

သို့သော် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

သတင်း

မြေကျန်ရပြီဟု စစ်ကောင်စီအလိုကျ ရေးသားဝါဒဖြန့်နေသူများ၏နေအိမ်များ ဦးစွာဗုံးကြဲခွင့်ပေးသင့်ဟု MNDAA ထုတ်ပြန်