close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံပေးအပ်မယ်လို့ ဘိုင်ဒန်ကြေညာ

ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ရန်ပုံငွေအဖြစ် ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာလိုက်ပါတယ်။

ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ရန်ပုံငွေအဖြစ် ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာလိုက်ပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်း နောက်ဆုံး သီတင်းပတ်တွေအတွင်း ယူကရိန်းအတွက် စစ်ရေး အကူအညီတွေ ရနိုင်သမျှ စုရုံး ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် အမေရိကန် သမ္မတ ရာထူးကနေ နုတ်ထွက်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့နေရာကို အစားထိုး ဆက်ခံမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ယူကရိန်းအတွက် ဘိုင်ဒန်ရဲ့ အစိုးရက စစ်ရေးစရိတ် အများအပြား အကုန်အကျခံ ထောက်ပံ့နေတာကို ဝေဖန်ပြစ်တင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှု အောက်မှာတော့ အမေရိကန်ဟာ စစ်ပွဲထဲမှာ ယူကရိန်းရဲ့ ရပ်တည်မှုကို အခိုင်မာဆုံး ဖြစ်နိုင်အောင် ရသမျှ ဆက်လက် အကူအညီ ပေးသွားဦးမယ်လို့ ဘိုင်ဒန်က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသစ်ပေးပို့မယ့် စစ်ရေး အထောက်အပံ့တွေထဲမှာ ဒေါ်လာ ၁.၂၅ ဘီလီယံဟာ အမေရိကန်ရဲ့ ရှိရင်းစွဲ ငွေလုံးငွေရင်းထဲက ဖြစ်ပြီး ဒေါ်လာ ၁.၂၂ ဘီလီယံကတော့ ယူကရိန်း လုံခြုံရေး ကူညီမှု အစီအမံ (USAI)ကနေ ရယူမှာ ဖြစ်ပါတယ်။

USAIရဲ့ ရည်ရွယ်ချက်ကတော့ ယူကရိန်းအတွက် လိုအပ်မယ့် စစ်လက်နက်တွေကို အမေရိကန် စစ်တပ်ထဲကနေ ထုတ်ပေးတာမျိုး မဟုတ်ဘဲ အမေရိကန် ကာကွယ်ရေး ကုမ္ပဏီတွေနဲ့ မဟာမိတ် နိုင်ငံတွေဆီ ဝယ်ယူပြီး လက်လွှဲပေးဖို့ပါ။

စစ်ရေး အသုံးစရိတ် အထောက်အပံ့သစ်တွေကြောင့် ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး၊ လက်နက်ကြီး စွမ်းရည်နဲ့ တခြားအရေးပါတဲ့ လက်နက် စနစ်တွေကို ရေရှည်အတွက် ဖြည့်တင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ ကျူးကျော်ခြင်းကြောင့် စတင်ခဲ့တဲ့ စစ်ပွဲဟာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အဲဒီတလျှောက် အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၁၇၅ ဘီလီယံဖိုး အထောက်အပံ့တွေ ပေးပို့ခဲ့ပြီးကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ဟာ ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ထိပ်တန်း အရာရှိ တချို့နဲ့ မိသားစုဝင်တွေကို ဗုံးခွဲလုပ်ကြံမယ့် ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး (SBU)ရဲ့ အစီအမံတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား ဖက်ဒရယ် လုံခြုံရေးဌာန (FSB)က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ခရစ္စမတ်နေ့မှာ ယူကရိန်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ဘယ်လောက် လူမဆန်သလဲ ဆိုတာကို ညွှန်ပြနေတာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲ ရပ်တန့်စေရေး ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးထားမှာ ဖြစ်ပေမယ့် ယူကရိန်း အစိုးရနဲ့ တိုက်ရိုက် စကားပြောမှာ မဟုတ်သလို အပစ်အခတ် ရပ်စဲရေးဆိုတဲ့ သဘောထားမျိုးကိုလည်း စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားပါတယ်။

Facebook