close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ စပါးအုံးမြွေ ရစ်ပတ်မှုကို နှစ်နာရီလောက် ခံခဲ့ရတဲ့ အမျိုးသမီးကို ကယ်ဆယ်

ထိုင်းနိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ စပါးအုံးမြွေ တစ်ကောင်က တိုက်ခိုက်ပြီး ရစ်ပတ်ထားမှုကို နှစ်နာရီ နီးပါးလောက် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အသက်ရှင် လွတ်မြောက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ စပါးအုံးမြွေ တစ်ကောင်က တိုက်ခိုက်ပြီး ရစ်ပတ်ထားမှုကို နှစ်နာရီ နီးပါးလောက် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အသက်ရှင် လွတ်မြောက်လာခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် အာရွမ် အရွန်ရော့ဂျ်ဟာ စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဆမွတ် ပရာကန်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ စပါးအုံးမြွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက်မှာ သူ့ရဲ့ အားအင် ကုန်ခန်းနေတဲ့ တိုးဖျော့ဖျော့ အကူအညီ တောင်းသံကို အိမ်နီးနားချင်း တစ်ဦးက ကြားခဲ့ရာက အာရွမ်ကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆမွတ် ပရာကန် ဖိုတက်ခ်တောင် ဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ရာ နေအိမ်ဆီ အလျင်အမြန် သွားရောက်ခဲ့ပြီး သူတို့ရောက်သွားတဲ့အချိန် အာရွမ်ဟာ အသံတောင် ယဲ့ယဲ့ပဲ ထွက်နိုင်တော့တယ်လို့ ဆိုပါတယ်။

မြွေကြီးဟာ သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကြောင်း၊ အမျိုးသမီးက အသက်ရှင်နေသေးပေမယ့် အရမ်း အားအင် ကုန်ခန်းနေကြောင်း ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြွေရဲ့ ချုပ်နှောင်မှုကနေ လွတ်အောင် အာရွမ်ကို နာရီဝက်လောက်အချိန်ယူပြီး ဝိုင်းကူညီပေးခဲ့တဲ့နောက် ရှေးဦးသူနာပြု နည်းတွေနဲ့ ပထမအဆင့် ကုသပေးခဲ့ပါတယ်။ အဲဒီနောက်တော့ နီးစပ်ရာ ဆေးရုံတစ်ခုဆီ အရေးပေါ် တင်ပို့ခဲ့ပါတယ်။ မြွေကတော့ သက်ကယ်တောထဲ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စပါးအုံး မြွေတွေဟာ အဆိပ်မရှိပေမယ့် ကိုက်ရာကနေတဆင့် ရောဂါပိုးမွှား ဝင်ရောက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရွမ်ဟာ ခန္ဓာကိုယ်မှာ မြွေကိုက်ထားတဲ့ ဒဏ်ရာတချို့ ရထားခဲ့တယ်လို့လည်း သိရပါတယ်။ အာရွမ်ကို တိုက်ခိုက်ခဲ့တဲ့ စပါးအုံးမြွေဟာ ၄ မီတာလောက်ရှည်ပြီး ၂၀ ကီလိုဂရမ်လောက် အလေးချိန် ရှိတယ်လို့ ဆိုပါတယ်။

အာရွမ်ဟာ ဘန်ကောက် ကလေးဆေးရုံရဲ့ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး မနှစ်က ခင်ပွန်းသည် ဆုံးသွားတဲ့နောက် တစ်ကိုယ်တည်း နေထိုင်နေတာပါ။ သူ့ကို သွားကယ်တဲ့ အဖွဲ့ဟာ အိမ်တံခါးကို ဖျက်ပြီး ဝင်ခဲ့ရပါတယ်။

သူဟာ ညပိုင်း ၈ နာရီခွဲလောက်မှာ အိမ်ပြန်ရောက်လို့ သက်ကယ် တောစပ်နား အိမ်နောက်ဖက်မှာ ပန်းကန်ဆေးနေတုန်း ညာဖက်ပေါင်မှာ စူးရှ နာကျင်မှုကို ခံစားခဲ့ရပါတယ်။ အဲဒီနောက် ချက်ချင်း ဆိုသလိုပဲ မြွေကြီးက သူ့ကို တိုက်ခိုက်ပြီး ရစ်နှောင်ထားလိုက်တာပါ။ အာရွမ်ဟာ ရသလောက် အားနဲ့ ရုန်းကန်ရင်း အော်ဟစ် အကူအညီ တောင်းခဲ့တဲ့နောက် ည ၁၀ နာရီ ဝန်းကျင်မှာ အိမ်နီးချင်းက သူ့ရဲ့ အခြေအနေကို သတိပြုမိသွားတာပါ။ သူ့ရဲ့ ဖုန်းဆက် အကြောင်းကြားမှုနဲ့အတူ အာရွမ်ကို ကယ်ဆယ်ရေးတွေက ကယ်ထုတ်ပြီးချိန်မှာ ည ၁၀ နာရီခွဲ ဝန်းကျင်လောက် ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ဘာသာရေး ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတွေအတွက် အနှောင့်အယှက် ဖြစ်စရာ အခြေအနေမျိုး ထပ်ရှိမှာ မဟုတ်တော့ဘူးလို့ အီရန် သမ္မတသစ်က ပြောပါတယ်။

သတင်း

မြန်မာ ရွှေ့ပြောင်းမိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွေ ပိတ်ပစ်ရတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှုထောင့်ကနေပါ ထည့်စဉ်းစားပေးကြဖို့ ထိုင်းလူ့အဖွဲ့အစည်းကို လွှတ်တော်အမတ် တစ်ဦးက အလေးအနက် တောင်းဆိုလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။