close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၁ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရ

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

(ခမရ(၅၆၁) တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိမှန်ဒဏ်ရာရတဲ့ ကလေးငယ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

မေ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေဖြစ်တဲ့ တနင်္သာရီမြို့နယ်က ကျွဲထိန်ကုန်းကျေးရွာကို မေလ ၂၁ရက်မှာ စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်လို့ အသက် (၄၀)အရွယ် အမျိုးသား ၁ဦး သေဆုံးကာ (၅)နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား နေ့စဉ်တိုက်ခိုက်နေလို့ KNU နယ်မြေအတွင်း အရပ်သားပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင် နေထိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။ အထူးသဖြင့် ခမရ(၅၆၁)တပ်ရင်း အခြေစိုက်ရာ နဲ့ ဆက်စပ်ဒေသတွေမှာ စစ်တပ်ကို PDF တပ်တွေက တိုက်ခိုက်မှု မကြာခဏ ရှိခဲ့ပါတယ်။

မေလ ၁၄ရက်ကလည်း ခမရ(၅၆၁)တပ်ရင်း ဦးတည်လာတဲ့ စစ်ယာဉ်တန်းကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့သလို လုံခြုံရေးယူပေးတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က အသိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ယောဒေသမှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေဟု ယောတပ်တော် ထုတ်ပြန်

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။