close
Connect with us

Hi, what are you looking for?

သတင်း

KNDF တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ်ဖွဲ့စည်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF တပ်ရင်း(၅)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

မေ-၂၃၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

KNDF ရဲ့ တပ်ရင်း(၆၊၇၊၂၈)ကို တပ်ပေါင်းစည်းရေးနဲ့ တပ်ဗိုလ်တပ်မှူးတွေ ရွေးချယ်အတည်ပြုပွဲပြုလုပ်ခဲ့ပြီး KNDF စစ်ဒေသအမှတ်(၂)၊တပ်ရင်းအမှတ်(၅)အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

ပြည်နယ်မှာ စစ်ဒေသတွေသတ်မှတ်ပြီး တပ်ရင်းတွေကို ပေါင်းစည်းတော့မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတာဝန်ရှိသူက ပြီးခဲ့တဲ့ ဧပြီက လူထုနွေဦးကို ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

အမိန့်ပေးစီးဆင်းမှု၊စည်းကမ်းနဲ့ စနစ်တကျဖြစ်မှုတွေကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။

“ နယ်မြေချင်းဆက်စပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျစ်ကျစ်လှစ်လှစ် ဖွဲ့စည်းပြီး စစ်ဒေသတွေကို ပြန်လည်သတ်မှတ်တဲ့အနေနဲ့ တပ်ရင်းတွေကို ပေါင်းစည်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တပ်ရင်းတွေ စစ်ဒေသ တွေ ပြန်လည်ပေါင်းစည်းတုန်းဖြစ်တဲ့အတွက်အရေအတွက် ကို ထုတ်ပြန်ပေးပါမယ်။ စစ်ဒေသကတော့ ၅ ခုသတ်မှတ်ထားပါတယ်” လို့ KNDF တာဝန်ရှိသူက စစ်ဒေသဖွဲ့စည်းမယ့် အခြေအနေကိုရှင်းပြပါတယ်။

“ စစ်ဒေသအောက်မှာ တပ်ရင်းတွေ ဖွဲ့စည်းတာဖြစ်တယ်” လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒေသတွင်း စစ်ဘက်စစ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁မှာ ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ တပ်ရင်း ၃၀ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ကို ဗျူဟာမြောက်တွန်းလှန်ဖို့ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်က တော်လှန်ရေးအဖွဲ့ ၁၉ ခုနဲ့ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Aillance -SRA မှာလည်း KNDF က ပါဝင်ထားပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။ပြီးခဲ့တဲ့နှစ်က စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

ရှမ်းတောင် နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်ဒေသအစပ် မိုးဗြဲ မြို့နဲ့ ဒီးမော့ဆိုမြို့အနီး မကြာခဏ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုကတိုက်တွန်းမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။

သတင်း

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ -နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုးလုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။