close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော် ၊မိတ္ထီလာနဲ့ ​ဒေသအချို့မှာမိုးသက်​လေပြင်းကျ ​သင်္ကြန်မဏ္ဍပ်နဲ့အ​ဆောက်အအုံအချိ့ပျက်စီး

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

​နေပြည်​တော်ရှိ ရေကစား မဏ္ဍပ်အချို့မိုးသက်​လေပြင်း​ကြောင့်ပျက်စီး​နေစဥ် နဲ့ မိတ္ထီလာမြို့ကအပျက်အစီး​များ ။ဓါတ်ပုံ-​ဒေသခံ

ဧပြီ-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

​နေပြည်​တော်ရှိ ရေကစား မဏ္ဍပ်အချို့မိုးသက်​လေပြင်း​ကြောင့်ပျက်စီး​နေစဥ် နဲ့ မိတ္ထီလာမြို့ကအပျက်အစီး​များ ။ဓါတ်ပုံ-​ဒေသခံ

ဧပြီ ၇ ရက်ညနေ ၄နာရီခန့်ကစပြီးလေပြင်းတိုက်ခတ်တာပါ။လေပြင်းကြောင့်နေအိမ်အဆောက်အအုံအချို့ အမိုးလန်ပျက်စီးတာတွေ၊သစ်ပင်၊ဓာတ်တိုင်နဲ့ ဆိုင်းဘုတ်တွေ လဲကျတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။​ဒေသအချို့မှာ​တော့ မိုးပါရွာသွန်းပြီး မိုးသက်​လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

​​နေပြည်​တော်မှာ မိုးသက်​လေပြင်းတိုက်ခတ်မှု​ကြောင့် စစ်​ကောင်စီ​ဆောက်လုပ်​နေတဲ့ မြို့​တော်ဝန်မဏ္ဍပ်အပါအဝင် သင်္ကြန်​ရေကစားမဏ္ဍပ်အချို့ပျက်စီးခဲ့တယ်လို့​ဒေသခံ​အချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့မှာ ညနေ ၃ နာရီဝန်းကျင်မှာမိုးသက်​​လေပြင်းတိုက်ခတ်ခဲ့တာ​ကြောင့် မြို့ပေါ်ရှိ သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ်ထွက်ကာ လဲကျခဲ့ပြီး လမ်းဘေးရပ်ထားတဲ့ Hijet မော်တော်ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ပါတယ်။ ကားမှာ ပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ လေကြမ်းမိုးကြမ်း မိုးသီးတွေပါ ကျတယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ လေရော မိုးရော မိုးသီးရော ကြောက်စရာကောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်လဲကျကာ နေအိမ်တစ်လုံးပေါ်ပိမိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေလည်း ပြိုလဲပြီး လမ်းတွေ ပိတ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

သတင်း

ပြည်တွင်းမှာ စက်သုံးဆီကိစ္စအပါအဝင် ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။