close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်​တော်လှန်သင်္ကြန်သံချပ်အဖွဲ့က စစ်အာဏာရှင်ကို​တော်လှန်ဆန့်ကျင်ဖို့တိုက်တွန်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ-၇၊၂၀၂၆။ People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်သင်္ကြန်သံချပ်အဖွဲ့​က ပြည်တွင်းပြည်ပ ကမြန်မာ ပြည်သူ​တွေအားလုံး စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းစစ်အုပ်စု ကို တော်လှန်ဆန့်ကျင်ကြဖို့၊ ပြည်သူလူထုအားလုံး နဲ့ တော်လှန်ရေးအဖွဲ့ အစည်းအားလုံး အတူတကွ စုစုစည်းစည်း ညီညီ ညွတ်ညွတ် နဲ့စစ်အာဏာရှင် အမြစ်ဖြတ်သည်အထိ တိုက်ပွဲဝင်ကြဖို့ သင်္ကြန်သံချပ်မှာတိုက်တွန်းနှိုးဆော်ထားကြပါတယ်။

” လိုချင်တာ အမှန်တရားဆို မတရားမှုကိုလက်ပိုက်အကြည့်နဲ့” ၊ “ ဒီမိုက​ရေစီ တိုက်ပွဲမှာ လိုချင်တာ အမှန်တရားဆို မတရားမှုကိုလက်ပိုက် မကြည့်နဲ့” ၊ ရှုံးမည်း မည်းတဲ့​လေယာဥ်​တွေ မြို့ရွာ​တွေကို ဖျက်ဆီး​နေတယ်” ၊” ဒီမိုက​ရေစီတိုက်ပွဲမှာ အာဏာရှင်ကို ​မောင်းထုတ် မောင်းထုတ်” ၊” အ​ရေး​တော်ပုံကြီး​အောင်ချင်ရင် တိုက်ပွဲဝင်ကြ အဆုံးထိသွားမယ် ” စတဲ့ သင်္ကြန်သံချပ်စာသား​​တွေနဲ့ သံချပ်ထိုးခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်ဧပြီလဆန်းမှာတိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေပါတယ် ။ဒါအပြင် ဧပြီ ၆ ရက်မှာလုံးခင်း​ကျေးရွာအုပ်စုကိုစစ်တပ်စစ်​ကြောင်းထိုးလာလို့ ​စစ်​ရေးတင်းမာ​နေပါတယ်။ ဖားကန့်မှာစစ်​ရေးတင်းမာ​နေတဲ့ ကြားက သပိတ်အဖွဲ့နဲ့ပြည်သူ​​တွေက သင်္ကြန်သံချပ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဓါတ်ပုံ-​can

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မတ်လ ၃၁ရက် ည ၈နာရီခန့်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF သတင်းရင်းမြစ်တွေက သတိပေးပါတယ်။