close
Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်မှာ စစ်တပ် လက်နက်ကြီးကြောင့် သားအဖ ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဧပြီ-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဧပြီ ၇ရက်မနက်က ပုလောမြို့နယ် ပလောက် ကျေးရွာအုပ်စု ပြည်ခြားကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးမှု နေအိမ်ပျက်စီးမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့အမြောက်တပ် (၂၈၀)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရ ကျေးရွာအတွင်းက အိမ် ၃လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကြောင့် သေဆုံးသွားသူနှစ်ဦးဟာ သားအဖ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သူတို့က စစ်တပ် လက်နက်ကြီးရန်ကြောင့် နေအိမ်အောက် အကာအကွယ်မှာ ပုန်းခိုနေစဉ် နေအိမ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ရတာလို့ ပြောပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေကိုတော့ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၂၉ရက်ကလည်း တပ်မဟာ(၄)န ယ်မြေ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့လို့ စာသင်ကျောင်းပျက်စီးမှုများ ဖြစ်ခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၄)နယ်မြေ အပါအဝင် KNUခရိုင်တပ်မဟာ အသီးသီးမှာ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းသိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုက​ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။