close
Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်း KNUပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အရာရှိ အပါအဝင် ၅ဦးသေ၊ လက်နက် ၆လက်ရ

ဧပြီ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်က သာယာကုန်းနဲ့ ခြံကြီးရွာကြား မီးရထားလမ်း (၁၄၆) တံတားမှာ အခြေချတဲ့ စစ်တပ်ဂိတ်စခန်းကို မတ်လ ၃၁ရက်ညက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ည ၁၀နာရီခွဲမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး လက်နက်ငယ် ၆လက်နဲ့ ကျည်တွေသိမ်းရခဲ့ကြောင်း အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ အရာရှိ တစ်ဦး ပါဝင်တယ်လို့လည်း အသိပေးပါတယ်။

စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၉) တပ်ခွဲ (၃)မှဦးဆောင်ပြီး ပူးပေါင်းစစ်ကြောင်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး စခန်းတဲ ၃လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေသိရဖို့ KNU ညောင်လေးပင်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KNUနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ ပူးပေါင်းပြီး မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီတရပ်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ဦးဆောင်ကော်မတီ ဖွဲ့စည်းတာဟာ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့ တော်လှန်ရေးအရှိန်မြှင့်ဖို့ ပြည်ထောင်စုတည်ဆောက်ဖို့ ဖြစ်ကြောင်း ဦးဆောင်ကော်မတီခေါင်းဆောင်တွေက ရှင်းပြထားပါတယ်။

(မီးရထားလမ်း (၁၄၆) တံတားမှာ အခြေချတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်အပြီးသိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − KNU)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ န​ယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၄ခုစုစုပေါင်း အဖွဲ့ ၆ခုနဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ထည့်သွင်းတာဟာ သရုပ်ပြထည့်သွင်းခြင်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု မဖြစ်မနေလိုအပ်လို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

၂၀၂၆ ခုနှစ်ကစပြီး သုံးလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့နယ်၊ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကိုရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။