close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေလဲကျ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး ကားတစ်စီး ပျက်စီး

မန္တလေးတိုင်း၊ ​မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးသက်လေပြင်းကျပြီး သစ်ပင်တွေပြိုလဲခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

​ဧပြီ−၇၊ ၂၀၂၆/People’s Spring

မန္တလေးတိုင်း၊ ​မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဒီကနေ့ ဧပြီ ၇ရက် ညနေ ၃ နာရီဝန်းကျင်က မိတ္ထီလာမြို့မှာ မိုးရောလေပါသည်းထန်ခဲ့ရာ မြို့ပေါ်ရှိ သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ် လဲကျခဲ့ပြီး လမ်းဘေးရပ်ထားတဲ့ Hijetမော်တော်ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ကြောင်း၊ ကားမှာပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ လေကြမ်းမိုးကြမ်း မိုးသီးတွေပါကျတယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ လေရော မိုးရော မိုးသီးရော ကြောက်စရာကောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်လဲကျကာ နေအိမ်တစ်လုံးပေါ်ပိမိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေလည်း ပြိုလဲပြီး လမ်းတွေပိတ်နေကြောင်း သိရပါတယ်။

လက်ရှိ လူမှုကူညီရေးအသင်းတွေက လဲကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျချိန် သစ်ပင်လဲကျပိမိလို့ ခရီးသွား အမျိုးသားတစ်ဦးသေဆုံးခဲ့‌ပါတယ်။

ဖွင့်ဆိုရှင်းပြ

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

အတွေးအမြင်

​ဘေး​ပေါင်းစုံရင်ဆိုင်​နေရ​သောမြန်မာလူထုအတွက် သတိထားစရာ နောက်ထပ်ဘေးအန္တရာယ်တစ်ခု ခြိမ်းခြောက်လာပြန်ပါသည်။ မျက်နှာစိမ်း ဘေးအန္တရာယ်တော့ မဟုတ်ပါ။ မြန်မာလူထု အကြိမ်ကြိမ်ရင်ဆိုင်ဖူးခဲ့ဖူး​သော်လည်းအကြိမ်ကြိမ်အထိနာဖူးခဲ့ဖူးသည့် မုန်တိုင်းဘေးနှင့် ရေ​ဘေး၊ မြေပြိုမှုဘေးဖြစ်သည်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းနှင့်ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ခု၌ မိုးကြီးနိုင်ပြီး ဩဂုတ်လ တတိယလပတ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကို MOHADMက ဆက်လက်သတိပေးထားသည်။