close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက ဖက်ပင်အိုင်ရွာကို စစ်အုပ်စု ပစ်ခတ်စီးနင်း၊ ပြည်သူတွေထိခိုက်မှုများပြီး ပိတ်မိနေ

မန္တလေး‌‌တိုင်း၊ မြင်းခြံမြို့နယ်၊ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲပြီး စီးနင်းပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်မှုရှိကာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(နဘူးအိုင်ရွာကို စစ်အုပ်စုက ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်ကလည်း စီးနင်းမီးရှို့ဖျက်ဆီးမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဧပြီ−၂၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေး‌‌တိုင်း၊ မြင်းခြံမြို့နယ်၊ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲပြီး စီးနင်းပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်မှုရှိကာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂ရက် မနက် ၇နာရီလောက်က ဆုံကျေးရွာက ပျူစောထီးနဲ့ စစ်တပ်ဟာ ဖက်ပင်အိုင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးချပြီးနောက် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရတဲ့ ပြည်သူတွေရှိနေပြီး ရွာကိုလည်းမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သေဆုံးထိခိုက်တွေလည်းရှိတယ်။ဒဏ်ရာရတွေလည်းအကုန်အထဲမှာ ပိတ်မိနေတယ်။အခြေအနေကဘာမှန်းမသိ သေးဘူး” လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နဘူးအိုင်ရွာကို စစ်အုပ်စုက ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်ကလည်း စီးနင်းမီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါသေးတယ်။

မြင်းခြံမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် ပစ္စည်းတွေယူ မီးရှို့ဖျက်ဆီးနေပြီး မြင်းခြံ နဲ့ ငါးဇွန်မြို့နယ်အစပ်က နဘူးအိုင်ကျေးရွာကိုလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ၂၆ရက်ကနေ ဒီနေ့ ဧပြီု ၂ရက်အထိ မြင်းခြံမြို့နယ်က သင်္ဘောကျင်း၊ပတ္တရာ၊ပြည်တော်သာ၊ဒါးကျွန်း၊တန်ဆောင်း၊နတ်ညွှန်း၊သက်ကယ်ကျင်း၊‌‌‌ တောင်ကျွန်း၊မြောက်ကျွန်းရွာနဲ့ကမ်းပါးနီရွာတွေ မီးရှို့ခံထားရပြီး သက်ကြီးရွယ်အို တွေအပါအဝင် ပြည်သူ ၅ဦးထပ်မနည်း မီးရှို့သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာ​ကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က�ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးရာ နှစ်ပတ်အတွင်း ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းမှာစစ်ရေးအရ အရေးပါတဲ့ မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်းကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာ တွေကြောင့် ဒေသခံပြည်သူ သေဆုံးမှုတွေ ရှိတယ်လို့ မြင်းခြံ မြို့နယ်၊ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုရှိကာ စစ်ကောင်စီတပ်ရဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Facebook