close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာလေတပ်စခန်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM က ထုတ်ပြန်ထားပါတယ်။

(၂၀၂၅အတွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို BWMအဖွဲ့ တိုက်ခိုက်ခဲ့သည့် ပုံဟောင်း ဖြစ်ပါတယ်။ဓာတ်ပုံ - BWM)

ဧပြီ-၂၊၂၀၂၆။သတိုး/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM က ထုတ်ပြန်ထားပါတယ်။

“ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်သည် မြန်မာတစ်နိုင်ငံလုံး၏ ခွေးလေသူရဲတို့ကို မွေးဖွားပေးရာနေရာ ဖြစ်သည့် အပြင် စစ်ရှုံးကောင်စီ ၏လေတပ်စခန်းတို့၏ အဓိကခေါင်ချုပ် ခွေးလေတပ်ဌာနချုပ်ဖြစ်သည်။” လို့ BWMက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂ ရက် နံနက် ၄နာရီခွဲလောက်မှာ လေတပ်ဝန်းထဲကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ၇ လုံးအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို BWMရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow Mandalay၊ မိုးမခတပ်ဖွဲ့(ညောင်ဦးခရိုင်ပကဖ)နဲ့ Satan အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်သာပလဖ နဲ့ နယ်မြေခံအဖွဲ့တွေကလည်း ကူညီပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လေတပ်စခန်းက စစ်ကောင်စီရဲ့ တပ်တော်ဝင်လေယာဉ်တွေလည်းထားရှိတာကြောင့် တိုက်ခိုက်မှုမခံရအောင် မြေပြင်လုံခြုံရေးအဆင့်ဆင့်ထားရှိတဲ့ကြားကနေ BWMနဲ့ မဟာမိတ်တွေက လျှပ်တပြတ် ထိုးဖောက်ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အတွင်းသတင်းပေးအကူအညီကြောင့်သာ ယနေ့မစ်ရှင်ကို ဘေးအန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့မစ်ရှင်တွင် အားဖြည့်ပါဝင်သော တောင်သာ ပလဖအဖွဲ့နှင့် နယ်မြေခံအဖွဲ့တို့ကိုလည်းကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်” လို့ BWMက ထုတ်ပြန်ထားပါတယ်။

BWMက မတ်လအတွင်းမှာ မဟာမိတ်တွေနဲ့ပေါင်းပြီး တောင်ငူလေတပ်စခန်း၊ မကွေးလေတပ်စခန်းတွေအပါအဝင် စစ်‌ရေးပစ်မှတ် လေးနေရာကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းအတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း - မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။