close
Connect with us

Hi, what are you looking for?

သတင်း

“ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း” ကြွေးကြော်သံနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၃၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းက “ စစ်အာဏာရှင်ကို အလိုမရှိကြောင်း” ၊ “ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း” ကြွေးကြော်သံတွေနဲ့ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ နှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၂၇) မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။