close
Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင် သမ္မတရာထူးမ​ယူခင် တစ်ရက်အလိုမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားတရားရုံးမှာတရားစွဲမယ့်သတင်းထုတ်ပြန်

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

( ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့​အ​ကြောင်းပြပြီး လက်နက်အားကိုးနဲ့အာဏာသိမ်း​ခဲ့တဲ့စစ်ခေါင်း​ဆောင်မင်း​အောင်လှိုင်ဟာအာ ဏာသိမ်းပြီး ငါးနှစ်နဲ့ နှစ်လ​​ကျော်အကြာမှာ သမ္မတရာထူးကိုရယူဖို့ကြိုးစား​နေပါတယ်။ ဓါတ်ပုံ-Getty)

ဧပြီ-၂၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ယက်စ်မင်းအူလာ(Yasmin Ullah)နဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားကျော်ကြားသူ ၁၀ ဦးကဧပြီ ၆ ရက်မှာ ဂျာကာတာမြို့က အစိုးရရှေ့နေရုံးကို သွားရောက်ပြီး မင်း​အောင်လှိုင် နဲ့စစ်တပ်ကျူးလွန်ခဲ့သူ​တွေကို ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာတစ်စောင်တင်သွင်းကြမှာဖြစ်ပါတယ်။

တိုင်ကြားသူတွေထဲမှာ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစမန် (Marzuki Darusman) နဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးမွတ်စလင် ပရဟိတအဖွဲ့ဖြစ်တဲ့ မူဟာမဒီယာ (Muhammadiyah) ဥက္ကဋ္ဌ ဘူရှရို Busyro Muqoddas တို့လည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

တိုင်ကြားစာ​ထဲမှာ ရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်မအသီးသီးကို အမည်​တွေကိုပါ ဖော်ပြထားတယ်လို့သိရပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အမိန့်ပေးစေခိုင်းသူဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို တိုင်ကြားစာမှာ ရှင်းလင်းဖော်ပြထားတယ်လို့သိရပါတယ်။

ရိုဟင်ဂျာလူမျိုး​တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် မင်း​အောင်လှိုင်နဲ့ စစ်​ခေါင်း​ဆောင်​တွေကို အာဂျင်တီးနားတရားရုံးတစ်ခုက ၂၀၂၅ ခုနှစ်မှာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ် ။အလားတူချင်းလူ့အခွင့်အ​ရေးအဖွဲ့ကလည်း တီမောလက်စတေး နိုင်ငံမှာ မင်း​အောင်လှိုင်နဲ့ စစ်ခေါင်းဆောင်​တွေကိုချင်းပြည်နယ်မှာကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေအတွက် တရားစွဲဆိုထားပြီးအင်ဒိုနီးရှားတရားရုံးကအမှုကိုလက်ခံထားပါတယ်။

ဒါအပြင် ICC မှာလည်း မင်း​အောင်လှိုင်နဲ့စစ်​ခေါင်း​ဆောင်​တွေကို ဂျုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်​ပေးဖို့ ​လျှောက်ထားတာရှိပါ​သေးတယ်။ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​ဆောင်ဟာ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာခံရတဲ့အပြင် နိုင်ငံတကာတရားရုံး ၃ ခုမှာတရားစွဲဆိုခံရမယ့်အ​ခြေအ​နေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်ကို စစ်တပ်လွှတ်​တော်​တွေက ဧပြီ ၃ ရက်မှာ သမ္မတ​ရွေး​ကောက်တင်​မြှောက်တယ်ဆိုပြီး ​ကြေညာမှာဖြစ်ပါတယ်။စစ်တပ်က စိတ်တ်ိုင်းကျ စီစဥ်ခဲ့တဲ့ ​​ရွေး​ကောက်ပွဲအပြီးမှာစစ်တပ်လွှတ်​တော်​တွေက အာဏာသိမ်း​ခေါင်း​ဆောင်ကို သမ္မတရာထူး​​ပေးဖို့ ၊ စစ်တပ်ကယူနီ​ဖောင်း​ပြောင်းအရပ်သားအစိုးရဆိုပြီးတရားဝင်မှုရဖို့ကြိုးစား​နေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာ ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကို စစ်တပ်က​လေယာဥ်အုပ်စုလိုက်ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေဆက်တိုက်ကျူးလွန်​နေပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရထားပေါ်မှာရေတွေထွေးထုတ်ခဲ့လို့လူပြောများခဲ့တဲ့အမျိုးသမီးကို စင်ကာပူမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ မှ ရှစ်တန်းကျောင်းသားမောင်ဖြိုးမြတ်အောင်ကို စစ်ကောင်စီက နိုဝင်ဘာလ၂၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။