close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ ပေါ်တာဆွဲခံရတဲ့လူငယ် ထွက်ပြေးလွတ်မြောက်

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ထွက်ပြေးလွတ်မြောက်လာသည့်လူငယ်အား ကယ်ထုတ်ခဲ့သည့် လျှပ်စီးတပ်ခွဲ၏ တာဝန်ရှိသူများနှင့် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

​မတ်-၁၁ ရက်၊၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ လူငယ်ဟာ ၂၀၂၅ နိုဝင်ဘာအတွင်းက ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ မတရားဖမ်းဆီး ပေါ်တာဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းကို စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့ရှိ စစ်သင်တန်းကျောင်းမှာ (၁၂) ပတ်ကြာ စစ်သင်တန်း တက်ရောက်စေခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)က ထုတ်ပြန်ပါတယ်။

​သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က ခမရ (၁၁၉) တပ်ရင်းပို့ဆောင်ဖို့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃)မှာ ယာယီနားခိုနေစဉ်အတွင်း လျှပ်စီးတပ်ခွဲနဲ့ ချိတ်ဆက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အလင်းဝင်လာတဲ့ရဲဘော်ကတော့ ၅ ရက်နေ့ကလွတ်မြောက်လာတာ။ အဆင့်ဆင့်ချိတ်ဆက်ပြီး ခေါ်ဆောင်လာတာပါ။ မိသားစုစားဝတ်နေရေးအဆင်မပြေလို့ဆိုပြီး အပြင်ထွက်အလု​ပ်လုပ်ရာကနေ ပေါ်တာအဆွဲခံရတာ။” လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

လက်ရှိမှာ အဲဒီလူငယ်ဟာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်သင်တန်းဆင်းပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ဖြစ်စဉ်များလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်ကို လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။

Facebook