close
Connect with us

Hi, what are you looking for?

သတင်း

TNLAနဲ့ MNDAA မဟာမိတ်ချင်းပြဿနာ နှစ်ပတ်ကျော်ကြာတဲ့အထိ ပြေလည်မှုမရဘဲ ဆက်တင်းမာ

ရှမ်းမြောက် ကွတ်ခိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့အကြား ပြဿနာဟာ နှစ်ဖက်ဖြေရှင်း ပြေလည်ခြင်းမရှိသေးဘဲ တင်းမာမှုတွေ ဆက်ရှိနေသေးကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - TNLA

မတ်-၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ရှမ်းမြောက် ကွတ်ခိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့အကြား ပြဿနာဟာ နှစ်ဖက်ဖြေရှင်း ပြေလည်ခြင်းမရှိသေးဘဲ တင်းမာမှုတွေ ဆက်ရှိနေသေးကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်က ကွတ်ခိုင်မြို့မှာ MNDAA က CCTV တပ်ဆင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး MNDAA တပ်ဖွဲ့ဝင်တွေကို TNLAက စီးနင်းဖမ်းဆီးမှု စတင်ခဲ့ရာမှဒေသတွင်းမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

ပြဿနာပြေလည်စေဖို့ MNDAAနဲ့ TNLAတို့ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အပြန်အလှန်တောင်းဆိုမှုတွေကို နှစ်ဖက်က လက်မခံလို့ပြေလည်မှု မရသေးတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – MNDAA

” မြေပြင်မှာ သူတို့ လောလောဆယ် ချမယ်ဆိုတဲ့ အဖွဲ့တွေက ရှိသေးတယ်။ တောက်လျှောက်တယောက်နဲ့ တယောက်ဖိအားပေးနေကြတယ်” လို့ ဒေသ သတင်းရင်းမြစ်က TNLAနဲ့ MNDAA တပ်ဖွဲ့ဝင် တွေအကြား အပြန်အလှန် ဖမ်းဆီးတာ၊ အချင်းများပြီး ရိုက်နှက်မှုတွေ ဖြစ်ပေါ်နေဆဲ အခြေအနေကို ပြောပါတယ်။

နှစ်ဖက်အဖွဲ့အစည်းက တရားဝင်ထုတ်ပြန်တာမရှိပေမယ့် MNDAAနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ၀ဒေသ ပန်ဆန်းမှာ ၁ကြိမ်၊ ကိုးကန့်ဒေသ လောက်ကိုင်မှာ တစ်ကြိမ်ဆွေးနွေးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

” ကျနော်ကြားရသလောက်တော့ MNDAA ဘက်က တောင်းဆိုတာတွေကို TNLA ကလက်မခံဘူး။ TNLA တောင်းဆိုတာကို MNDAA လည်းလက်မခံဘူး။ အဲဒီတော့ နှစ်ဖက်စလုံးညှိလို့မရဘူး။ ပြောမယ်ဆိုရင်တော့ အဖြေမထွက်ဘူး” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

TNLAက ကွတ်ခိုင်မြို့အတွင်း MNDAA ရဲ့ အုပ်ချုပ်ရေးရုံးတွေကို ပိတ်သိမ်းစေခဲ့ တဲ့ အခြေအနေမှာ MNDAAက ကွတ်ခိုင်ကို အထူးဒေသ နယ်မြေမှာ ထည့်သွင်းပြီးပူးတွဲအုပ်ချုပ်ရေး ဖော်ဆောင်ဖို့လိုလားနေတာပါ။

MNDAAနဲ့ TNLA တို့ဟာ ညီနောင်မဟာမိတ်တွေဖြစ်သလို ၀တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဖော်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်စခန်းရာချီနဲ့ မြို့တွေသိမ်းပိုက်ခဲ့ပေမယ့် တရုတ် အစိုးရရဲ့ ဖိအား၊ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅မှာ စစ်ကောင်စီနဲ့ ပြန်လည်အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)အကြား ပြဿနာ မဟာမိတ်ချင်း ဆွေးနွေးဖြေရှင်းဖို့နဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ လူထုအပေါ် ဦးတည်တိုက်ခိုက်တာတွေ မလုပ်ဖို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက်က ကြေညာချက် ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့ဝင်​တွေကြားတင်းမာမှုဖြစ်နေစဉ်မှာ ဖေဖော်ဝါရီလ၂ဝရက်ညကစပြီး စစ်တပ်က လေကြောင်းကနေ ကင်းထောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)အကြား ပြဿနာဖြစ်ပွားခဲ့မှုကို နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အသိပေးပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိတော့ဟု အသိပေးပါတယ်။

မေးမြန်းခန်း

ကွတ်ခိုင်မြို့မှာ မဟာမိတ်အချင်းချင်း အကြား ပြဿနာဖြစ်ပွားမှု အပါအဝင် TNLAအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောထားတွေကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို People's Springက မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။