close
Connect with us

Hi, what are you looking for?

သတင်း

ကောင်းမှုတော်ဘုရားထီးတင်ပွဲ စစ်ကောင်စီအဖွဲ့လာလို့ မုံရွာ-မန္တလေးလမ်းပိုင်း ပိတ်ထား

စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရား စိန်ဖူးတော် တင်ပွဲ စစ်ကောင်စီအဖွဲ့လာလို့ မုံရွာ-မန္တလေးလမ်းပိုင်းပိတ်ထားပြီး ခရီးသွားယာဥ်တွေ စောင့်ဆိုင်းနေရပါတယ်။

ကောင်းမှုတော်ဘုရား စိန်ဖူးတော်တင်ပွဲအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

မတ်-၁ရက်၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရား စိန်ဖူးတော် တင်ပွဲ စစ်ကောင်စီအဖွဲ့လာလို့ မုံရွာ-မန္တလေးလမ်းပိုင်းပိတ်ထားပြီး ခရီးသွားယာဥ်တွေ စောင့်ဆိုင်းနေရပါတယ်။

ဒီကနေ့ မတ်လ ၁ရက်မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းဘေးမှာရှိတဲ့ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားမှာ ကျင်းပနေတဲ့ စိန်ဖူးတော်တင်ပွဲကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့လာလို့ဆိုပြီး လုံခြုံရေးအတွက်ဟုဆိုကာ ကျောက်ဆည်ကျေးရွာကနေစပြီး လမ်းပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

“ မုံရွာ-မန္တလေး သွားကြမယ့်ကားတွေအားလုံးစစ်ကိုင်း၊ ကျောက်ဆည်ရွာကစပြီး လမ်းကြောဖြတ်သန်းသွားလာလို့မရသေးပါဘူး။ ကားတွေအကုန်လုံး စိန်ဖူးတော်တင်လှူပွဲပြီးမှသာ လမ်းကြောအသုံးပြုလို့ရမယ်လို့ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကောင်းမှုတော်ဘုရားထီးတင်ပွဲကို စစ်ကောင်စီအဖွဲ့က ဘယ်အဆင့်လာရောက်တယ်ဆိုတာ လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်လည်း ကောင်းမှုတော်ဘုရားစိန်ဖူးတော်ပွဲ လုံခြုံရေးအတွက် ဘုရားနဲ့မနီးမဝေးက ကျေးရွာတွေနဲ့ မုံရွာ-မန္တလေးကားလမ်းဘေးတလျှောက် ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးဝင်ခဲ့ပါသေးတယ်။

မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းချိန်မှာလည်း တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး ခရီးသည်တွေဟာ နာရီပေါင်းများစွာ ရပ်တန့်စောင့်ဆိုင်းရလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီ စိန်ဖူးတော်တင်ပွဲကို စစ်ခေါင်းဆောင်လာမယ်ဆိုလို့ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။

News

ယင်းစစ်ဆင်ရေးကို ACPLF အပြင် မှော်ဘီ့ရင်သွေးတပ် ၊ မှော်ဘီ PDF တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။