close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတိုက်ပွဲအတွင်း စစ်တပ်က ကျေးရွာတွေလက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အို ၃ဦး သေဆုံး၊ အမျိုးသားတစ်ဦး ပစ်သတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် သက်ကြီးရွယ်အို ၃ဦး သေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် သက်ကြီးရွယ်အို ၃ဦး သေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဖေဖော်ဝါရီ ၉ရက်က ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက်(၆၀)အရွယ် အဘိုးအိုတစ်ဦး နဲ့ အသက် (၆၅)နှစ်အရွယ် ဇနီးဖြစ်သူတို့ သေဆုံးခဲ့သလို နောက်ထပ် အသက်(၆၅) နှစ်အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် (၁၄)နှစ်အရွယ် ကလေးငယ် တစ်ဦး၊ (၁၅)နှစ်အရွယ် ကလေး တစ်ဦးနဲ့ အသက် (၇၂)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ အခိုင်ကျေးရွာနေ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း (၁၉)ရွာက ပြည်သူ ၁၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ဘေးရှောင် ပြည်သူလူထုတွေအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူအညီတွေဖြစ်တဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ် နေကြောင်း အသိပေးပါတယ်။

ကျိုက်ထို မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုပိုင် နေအိမ်တွေကို ဖောက်ထွန်းမွှေနှောက် ပစ္စည်းတွေယူဆောင်တာ နေအိမ် မီးရှို့တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ လည်း KNUက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ KNU သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေမကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

(

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသသတင်းရင်းမြစ်က အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

Facebook