close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ပြည်ထောင်စုနေ့အကြောင်းပြပြီး ဘုန်းကြီးကျောင်းထဲ လောင်းကစားဝိုင်းဖွင့်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ပြည်ထောင်စုနေ့အကြောင်းပြပြီး ဘုန်းကြီးကျောင်းထဲ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

(ဘုန်းကြီးကျောင်းထဲဖွင့်ထားတဲ့လောင်းကစားဝိုင်းအား တွေ့ရစဥ်။ ဓါတ်ပုံ-ပြည်ချစ်သား)

ဖေဖော်ဝါရီ-၈၊၂၀၂၆။People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ပြည်ထောင်စုနေ့အကြောင်းပြပြီး ဘုန်းကြီးကျောင်းထဲ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

လာမယ့်ဖေဖော်ဝါရီ ၁၂ ရက်မှာကျရောက်မယ့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုပြီးမိတ္ထီလာမြို့နယ်၊ထမုန်ကန်အုပ်စု၊ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းထဲမှာဘောလုံးပွဲပြုလုပ်မှာဖြစ်ကြောင်း၊ အဲဒီဘောလုံးပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ လာရောက်ဖွင့်လှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ဟိုနေ့အကြောင်းပြ ဒီနေ့အကြောင်းပြနဲ့ လောင်းကစားဝိုင်းတွေလုပ်နေတာ။လောင်းကစားဝိုင်းတွေကြောင့်ခိုးဆိုးလုနှိုက်တွေပိုပိုများလာတာ။ဘယ်သွားသွားမလုံခြုံဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း အဲဒီလောင်းကစားဝိုင်းတွေကိုငွေယူပြီး လက်ခံဖွင့်လှစ်ခွင့်ပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းထားတဲ့ကာလအတွင်းမိတ္ထီလာအပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသ​တွေမှာ ပွဲ​တော်​တွေ၊​ပျော်ပွဲရွှင်ပွဲ​တွေ၊ လောင်းကစားဝိုင်းတွေပိုမိုလုပ်​လာပါတယ်။လောင်းကစားဝိုင်း​တွေကြောင့်ငွေကြေးဆုံးရှုံးသူတွေရှိနေကြောင်းလည်းသိရပါတယ်။

ဆက်စပ်သတင်းများ