close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် သံလမ်းမှတ်တိုင်မှာ စစ်သားတွေမူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ် ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လိုက်လံဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - EPA

ဖေဖော်ဝါရီ-၆၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက်ည ၈ နာရီကျော်လောက်ကရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်က သံလမ်းမှတ်တိုင်အနီးမှာ ဖြစ်စဉ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

“ လေးငါးချက်လောက်ရှိတယ်။ ပစ်သွားတာ။ အကုန်လုံးကလန့်ဖြန့်ပြီး ပြေးကြတာပေါ့။ မောင်းပြန်သေနတ်အရှည်နဲ့ ကားပေါ်ကနေပစ်သွားတာ။ လူထိခိုက်တာတော့မရှိဘူး” လို့ ဖြစ်စဉ်အနီးနားမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သားတွေဟာ အိမ်စီးကားနဲ့မဟုတ်ပဲ လုံခြုံရေးလှည့်ကင်းကားနဲ့ မူးပြီးရမ်းသမ်းပစ်သွားတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေလို့ စစ်တပ်က မြို့နေရာအများအပြားမှာ လုံခြုံရေးတင်းကြပ်စွာချထားပါတယ်။

အဲဒီလို လုံခြုံရေးတွေ ချထားတဲ့ကြားက စစ်သားတွေဟာ ပြည်သူတွေအပေါ် ခြောက်လန့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အခုလိုမျိုး မူးရမ်းကားပြီးမကြာခဏ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့လည်း ရန်ကုန်မြို့နေသူတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လမ်းဘေးကပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းစက်ရုံတွေကရလာတဲ့ ဓာတ်အားကို ဖြန့်ဝေရာမှာ ၂၄ နာရီလျှပ်စစ်မီးပေးပြီးတစ်ယူနစ်ကို ၉၀၀ ကျပ်နူန်းနဲ့ ကောက်ခံသွားမယ်ဆိုတာကို စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဆီ အသိပေးလာတယ်လို့သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲတပ်ကြီးကို‌ ကျူးလွန်ခဲ့တဲ့ PDF ရဲ​ဘော်​ဟောင်း​တွေရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက သွားရောက်တောင်းပန်ရာ ထိုင်းရဲအရာရှိကခွင့်လွှတ်ကြောင်းပြောခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix - Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။