close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်၊ ရွာပေါင်းစုံသပိတ်၊ GSCB၊ ကလေးလူထုသပိတ်

စစ်​ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ တနင်္သာရီနဲ့ စစ်ကိုင်းက ပြ​ည်သူတွေ ဆန္ဒပြ

ဒီဇင်ဘာ-၂၇၊၂၀၂၅။ သုည/People’s Spring

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း မောတောင်မြို့မှာ လူငယ်တချို့က ဦးဆောင်ပြီး စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြိတ်-ထားဝယ်ခရိုင်က တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မောတောင်မြို့မှာ ကရင်လူငယ်တွေနဲ့ ဒေသခံတွေဟာ စစ်တပ် ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာလည်း ကျွန်းစုမြို့နယ် ပကဖနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်တပ် ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်တို့က “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားကိုင်ဆောင်ကာ စစ်တပ်ရွေး​ကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မနက်ဖန်မှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့​တွေမှာ မဲရုံ​တွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီး​တွေမှာ ပေါက်ကွဲမှုတွေဖြစ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်း​ခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံ​ပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံ​တွေထပ်မံကြား​​နေရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။