close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြောက်ခြမ်း အိုင်းမရွာ ဒေသခံတွေကို စစ်တပ် ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

ဒီဇင်ဘာ-၂၃၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနေ့က မနက် ၁၁နာရီလောက်မှာ စစ်ကောင်စီ ခမရ(၁၅)တပ်က တပ်သားတွေက အိုင်းမရွာကို ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုရပါတယ်။

“ မနေ့က တနေကုန် ရှို့နေတာဆိုတော့ တော်တော်များလောက်တယ်။ အခုထိစစ်သားတွေရွာထဲမှာပဲ ရှိနေသေးတယ်။ ပြည်သူတွေကိုလည်း ဖမ်းထားတုန်းပဲ” လို့ မြို့နယ်ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ ၁၀ဦးဝန်းကျင် ဖမ်းဆီးခံထားရတယ်လို့ သိရပြီး စစ်ကြောင်းရှိနေသေးတာမို့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

ဒါ့အပြင် မနေ့ညပိုင်းက အိုင်းမရွာအနီးကို စစ်တပ်က Paramoter (စက်တပ်လေထီး)နဲ့ လာရောက် ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၁၅)တပ်တွင်းကနေလည်း မြင်းခြံမြို့အနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကျေးရွာအချို့က ပြည်သူလူထုနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၁ရက် သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တွေ မီးရှို့ကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ဆုံရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ထော်လာဂျီ နှင့် ဆိုင်ကယ်များကိုPFများကပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းကယ​နေ့ညတွင်ထုတ်ပြန်သည်။

Facebook