■နယ်သာလန်နိုင်ငံမှာလည်းလှုပ်ရှားမှုပြုလုပ်
ဒီဇင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All In One Piece Movement ကို ယူကေနိုင်ငံ လန်ဒန်မြို့မှာလည်း ဒီဇင်ဘာ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို လန်ဒန်မြို့က ပါလီမန်အဆောက်အဦးရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လန်ဒန် နဲ့ ယူကေ တနိုင်ငံလုံးက မြန်မာတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း လူဦးရေ ၇၀၀ လောက်တတ်ရောက်ခဲ့တယ်လို့ NUG Representatives Office-United Kingdom က ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
ပထမဆုံးအစီအစဉ်အနေနဲ့ ပြီးခဲ့တဲ့ရက်က မြောက်ဦးမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့ရသူတွေအတွက် တစ်မိနစ် ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။
All In One Piece Movement ရဲ့ ရည်ရွယ်ချက်အတိုင်း ဒီပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ၊ စစ်ကောင်စီရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒထုတ်ဖေါ်ကြသည်။
ဒါ့အပြင် NUG ကိုယ်စားလှယ် ၂ ဦးနဲ့အပါ အဝင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ရှမ်း နဲ့ Stars of Myanmar တို့ရဲ့ ကိုယ်စားလှယ်တွေကလည်း အမှတ်တရစကားပြောကြားခဲ့ကြပါတယ်။
All In One Piece Movement ကို နယ်သာလန်နိုင်ငံ Amsterdamမှာလည်း ဒီဇင်ဘာ ၁၃ ရက်မှာပြုလုပ်ခဲ့ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။






















































