close
Connect with us

Hi, what are you looking for?

သတင်း

ကမမောင်းမြို့ကနေ ကတိုင်တိရွာဆီစစ်ကူတက်တဲ့စစ်တပ်စစ်ကြောင်း လန်ကျ

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကနေ ကတိုင်တိတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လန်ကျသွားတယ်လို့တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကမမောင်းမြို့ နဲ့ ကတိုင်တိရွာအကွားအဝေကို Google Map မှာတွေ့ရပုံ

နိုဝင်ဘာ – ၁ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကနေ ကတိုင်တိတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လန်ကျသွားတယ်လို့တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာလ၃၀ ရက်မှာကမမောင်းမြို့၊ဝါးဒူးကျေး ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကတိုင်တိစခန်းဘက်စစ်ကူပေးပို့နိုင်ဖို့အတွက် ကမမောင်း-ဖာပွန်လမ်းအတိုင်း တက်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

KNU တပ်မဟာ(၅) ပူးပေါင်းတပ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ရှေ့ဆက်မတိုးနိုင်ပဲ ပြန်လန်ကျသွားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ကမမောင်းကနေပြီးတော့ တက်လာတဲ့ စစ်ကူစစ်ကြောင်းပေါ့နော်၊ အဲ့ဒီစစ်ကူစစ်ကြောင်းကတော့ ဝါးဒူးမှာပဲရှိသေးတယ်၊ အပေါ်တော့မတက်လာသေးဘူး၊ ဒါပေမယ့် တနေ့ကတော့ သူတို့(စစ်တပ်)ကြိုးစားပြီးတော့ တက်လာသေးတယ်၊ဒါပေမယ့် ဒီဘက်ကနေတိုးပြီးတော့မှ သူတို့ပြန်လှန်ကျသွားတယ်၊ ပြီးတော့ အဲ့ဒီဝါးဒူးမှာပဲ ပြန်နေတယ်လို့ ဒီဘက်ကနေ သတင်းပေးပို့တာတွေ သိရတယ်ပေါ့” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကမမောင်း-ဖာပွန်လမ်းပေါ်မှာရှိတဲ့ ကတိုင်တိစခန်းထဲမှာ စစ်ကောင်စီတပ်အင်အား ရာဂဏန်း ရှိပြီး အဲဒီ စခန်းဆီ စစ်ကူပေးပို့နိုင်ဖို့အတွက် ကမမောင်းမြို့ကနေတစ်ဆင့် စစ်ကောင်စီတပ်က စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် ရှေ့ဆက်တိုးလို့မရပဲ ဝါးဒူးကျေးရွာမှာ အခြေချတပ်စွဲထားတာပါ။

ကမမောင်းမြို့နဲ့ ကတိုင်တိရွာဟာ Google Map ရဲ့ အကွာအဝေးတိုင်းထွာချက်အရ ၂၁ မိုင် ဝေးပြီး ဝါးဒူးရွာက အဲဒီလမ်းပိုင်းပေါ်မှာတည်ရှိတာပါ။

ဝါဒူးရွာကတော့ ကမမောင်းမြို့ပေါ်ကနေဆိုရင် ၇ မိုင်သာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က မြို့လေးမြို့မှာ မြစ်ရေကြီးမှုဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရပြီး အကူအညီတွေ လိုအပ်တယ်လို့ ဒေသတွင်းအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။

သတင်း

သံလွင်မြစ်ရေတက်လာမှုကြောင့်ကရင်ပြည်နယ်ထဲကကမမောင်း၊ ရွှေဂွန်းနဲ့ ဘားအံမြို့ကအနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေလျှံတာတွေ ဖြစ်ပေါ်လာနေပြီး ဒေသခံတွေ ရွှေ့ပြောင်းနေရတာတွေ ရှိနေပြီလို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။