close
Connect with us

Hi, what are you looking for?

သတင်း

ဒါရိုက်တာကိုပေါက်ပို့စ်ကို အသဲပေးလို့ဆိုကာ စစ်တပ်ကဒါရိုက်တာတစ်ဦးအားထပ်မံဖမ်းဆီး

အောက်တိုဘာ-၃၁၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်ကို အသဲ ပေးတာကြောင့် ဆိုပြီး ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ကို စစ်ကောင်စီက မတရားဖမ်းဆီးလိုက်ပါတယ်။

ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ရက်ကတည်းက စစ်ကောင်‌စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ တိုက်တွန်းထားကြတာပါ။

ဝါဒဖြန့်ဇာတ်ကားပြသပြီး နောက်ရက်မှာ ဒါရိုက်တာကိုပေါက်က “ ပြည်တွင်းကအနုပညာသမားများသို့ ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအစချီပြီး စစ်ကောင်စီအတွက် ဇာတ်ကားရိုက်ကူးသူတွေကို ဝေဖန်ထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီ့ပို့စ်ကို ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ရဲ့ Thet Lwin အကောင့်က အသဲ React ပေးတယ်ဆိုပြီး ဖမ်းဆီးဖို့ တိုက်တွန်းထားကြတာပါ။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ ဆိုပြီး ဒါရိုက်တာ မိုက်တီး ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် ၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း နဲ့ ဒါရိုက်တာ အောင်ချမ်းလူတို့ကို စစ်တပ်က မတရားဖမ်းဆီးထားတာကြောင့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အနုပညာလောကကနေ ငါးယောက်မြောက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။၎င်းတို့အားလုံးကို စစ်အုပ်စုကပြဌာန်းထားတဲ့ ​ရွေး​ကောက်ပွဲကာကွယ်​ပေး​ရေးဥပ​ဒေနဲ့ အမှုဖွင့်ထားတာလို့သိရပါတယ် ။

သူတင်တဲ့​ဖေစ်ဘွခ်ပိုစ်မှာ အသဲ​ပေး( love react ​)သူကို စစ်တပ်က ဖမ်းတဲ့အ​ပေါ် ဒါရိုက်ကို​ပေါက်က “ ” ပြောတော့ ရွေးကောက်ပွဲကနေမှ မင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုသွားလို့ရမှာလေတဲ့၊အခုတော့ အသည်းလေးပေးမိတာတောင်ကြောက်ပြီး ဖမ်းသတဲ့လား။မင်းတို့က နိုင်ငံတော်ပိုင် စစ်တပ်ကြီးရှိပြီးသေလောက်အောင်ကြောက်နေတာက ရုပ်ပေါက်လွန်းနေတယ်။ပန်းပန်လည်းကြောက် လက်သုံးချောင်းထောင်လည်းကြောက် ငြိမ်သက်နေရင်လည်းကြောက်အခုအသည်းပေးလည်းကြောက်နေပါရောလား။” လို့ရေးသားထားပါတယ်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားမှာပါဝင်တဲ့ နေတိုး၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် စတဲ့ အနုပညာရှင်တွေကို ပြည်သူတွေရဲ့ သပိတ်​မှောက်(Boycott )တာခံနေရတာပါ။

အဲဒီလိုလူထုက Social Punishment တွေ Boycott တွေ ပြုလုပ်တာကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက အနုပညာရှင်အားလုံးကို အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် မဖြစ်မနေလုပ်ဆောင်ပေးရမယ့် အရာနဲ့ မလုပ်ဆောင်ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်သူတိုင်းကိုလည်း အရေးယူ‌သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ထားပါသေးတယ်။

စစ်တပ်​ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဝေဖန်တဲ့ပို့စ်တင်သူတွေကို ဖမ်းဆီးဖို့ တိုက်တွန်းတာ​တွေ ဆက်တိုက်တင်ပြီး ပြည်သူ​တွေကို ခြိမ်း​ခြောက်ထားပါတယ်။အခုလို စစ်တပ်က ဖမ်းဆီး​နေတာဟာ ပြည်သူ​တွေကို အ​ကြောက်တရားရိုက်သွင်းဖို့ကြိုးစား​နေတာလို့ ပြည်သူ​တွေက​ပြောပါတယ် ။ စစ်တပ်ရဲ့ အခုလုပ်ရပ်​တွေအတွက်ပြည်သူ​တွေက အပြင်းအထန်​ဝေဖန်​နေကြပါတယ် ။

ဆက်စပ်သတင်းများ