အောက်တိုဘာ-၃၁၊၂၀၂၅။တေဇ/People’s Spring
ပြည်တွင်းမှာ ဒီနေ့(အောက်တိုဘာ ၃၁ရက်)စတင်ရုံတင်ပြသတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ နတ်ဝင်သည် ရုပ်ရှင်ကို Boycott ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။
ဝတ်မှုန်ရွှေရည်က စစ်ကောင်စီခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့စီးပွားဖက်ဖြစ်ခဲ့တဲ့ နိုင်ဖြိုးကျော်နဲ့ အိမ်ထောင်ပြုထားတာကြောင့် စစ်ကောင်စီနဲ့ ပတ်သက်သူတစ်ဦးအနေနဲ့ Boycott ပြုလုပ်ဖို့တောင်းဆိုကြတာပါ။
“ နိုင်ဖြိုးကျော်ဆိုတာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန် အတွက် စင်ကာပူက လေကြောင်းလိုင်း ကုမ္ပဏီသုံးခုမှာ တစ်ခြား စင်ကာပူ နိင်ငံသားတစ်ယောက် နာမည်နဲ့ နာမည်ခံရှယ်ယာ ပါထားတဲ့ အကျိုးအမြတ်တွေကို ထုတ်ယူပေးရသူ တစ်ဦးလဲ ဖြစ်နေပြန်ပါတယ်။ဒါ့အပြင် ဟိုတယ်လုပ်ငန်းတွေမှာလည်း ဒေါခင်သီရိသက်မွန်နဲ့များစွာပက်သက်နေသလို ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာလည်း အကြီးအကျယ် ရှယ်ယာဖက်စပ် လုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နယူးယောက် စတော့အိတ်ချိန်းမှာလည်းရှယ်ယာပိုင်ဆိုင်မှု အများအပြားရှိနေသူ တစ်ဦး ဖြစ်ပြီး အဲဒီ ရှယ်ယာတွေထဲမှာ စစ်ခေါင်းဆောင် သမီးရဲ့ ပိုင်ဆိုင်မှုတွေအပြင် စစ်တပ် ထိပ်ပိုင်း ခေါင်း ဆောင် တစ်ချို့ရဲ့ ပိုင်ဆိုင်မှုတွေပါပါသေးတယ်လို့ လုပ်ငန်းရှင် တစ်ချို့က ပြောပါတယ်။” လို့ ဝတ်မှုန်ရွေရည်ရဲ့ခင်ပွန်းအကြောင်းကို Boycott လုပ်ဖို့ ဦးဆောင်တိုက်တွန်းနေတဲ့Fake News Check Community(Fncc) Burma က အသိပေးထားပါတယ်။

Public Service Announcement

နိုင်ဖြိုးကျော်ဟာ အာဏာမသိမ်းမီကာလက စစ်ခေါင်းဆောင်သမီးနဲ့အတူ 7th Sense ထုတ်လုပ်ရေးကိုလည်း စီးပွားဖက်အနေနဲ့ လုပ်ဆောင်ခဲ့ပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ 7th Sense ကို ပြည်သူတွေက Boycott ပြုလုပ်ထားတာကြောင့် ထုတ်လုပ်ရေးအမည်တွေပြောင်းပြီး ရုံတင်တာတွေလည်းရှိခဲ့ပါတယ်။
ဒါအပြင် နိုင်ဖြိုးကျော်ဟာ အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေနဲ့အတူပြည်တွင်းမှာ လျှပ်စစ်ကားတင်သွင်းရောင်းချတာ ၊ဆိုလာရောင်းချတာကနေ စစ်တပ်အတွက် ဒရုန်းတွေကိုပါတင်သွင်းပေးသူတဦးဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ် ။
နတ်ဝင်သည်ဇာတ်ကားကိုဝတ်မှုန်ရွှေရည်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ W Entertainment ကနေ ရိုက်ကူးထားတာဖြစ်ပြီး ဒီနေ့ (အောက်တို ဘာ ၃၁) ရုံတင်ပြသတာပါ။
ဒီဇာတ်ကားရဲ့ နမူနာကို Boycottတွေ မဆော်ဩခင်ရက်က တင်ထားတဲ့ ဗီဒီယိုက သန်းနဲ့ချီရှိခဲ့ပေမယ့် အခုရက်မှာ ထပ်တင်ထားတဲ့ ဗီဒီယိုကတော့ တစ်သိန်းတောင်မပြည့်တော့ပါဘူး။
ဝတ်မှုန်ရွှေရည်ရဲ့ပေ့ခ်ျက Follower ၈သန်းကျော်ရှိတာဖြစ်ပေမယ့် ဒီရက်ပိုင်းတင်တဲ့ ပို့စ်တွေကိုတော့ React ပေးသူ ထောင်ဂဏန်းသာရှိတာကို တွေ့ရပါတယ်။
Boycott မပြုလုပ်ခင်အချိန်ကဆိုရင်ဝတ်မှုန်ရွှေရည်ရဲ့ ပို့စ်တွေတိုင်းလိုလိုက React ပေးသူ အနည်းဆုံး သောင်းနဲ့ချီရှိပြီး ဗီဒီယိုတွေဆိုရင်လည်း ကြည့်ရှူသူ သန်းနဲ့ချီရှိတာပါ။
ကိုရီးယားနိုင်ငံက မရွှေမိုးကလည်း နတ်ဝင်သည်ဇာတ်ကားကို Boycott ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
“ စစ်အာဏာရှင်စနစ်ဟာ ‘အဆိပ်ပင်’ ဆိုရင် .. ဝတ်မှုန်ရွှေရည် နဲ့ သူ့ယောက်ျားဟာ ‘အဆိပ်ပင် ကို ရေလောင်းနေသူတွေ’ ဖြစ်ပါတယ်။
အဲဒီအတွက် ကြောင့်သာ Boycottလုပ်ဖို့ လှုံ့ဆော်တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။
ရုပ်ရှင်တစ်ခါကြည့်တဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းဟာ ပြည်သူတစ်ယောက်ရဲ့ ကိုယ်ထဲဝင်သွားမယ့် ကျည်ဆံတွေ ဖြစ်ပြီးစစ်မိစ္ဆာတို့ကျွန်ဘဝမှာ သက်တမ်းကြာနေရမယ် လို့တွေးလိုက်ရင် ကျမတို့ ဒီလောက်တော့ လူတိုင်းလုပ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။ရှေ့တန်းထွက် အသက်ပေးနေတာမျိုး၊ ဆန္ဒထွက်ပြတာမျိုးမှ မဟုတ်တာရှင်။ BC တာဟာ အသိမ်မွေ့ဆုံးနဲ့ အပြင်းထန်ဆုံး အပြစ်ပေးမှုပါ။” လို့ မရွှေမိုးက ရေးသားထားပါတယ်။
Fncc Burmaကလည်း နတ်ဝင်သည် ရုပ်ရှင် နဲ့ပတ်သက်ပြီးကြော်ငြာပေးနေတဲ့ Lady Diamond စိန်ဆိုင်ပိုင်ရှင် နန်းတင်မိုးသူ ၊စာရေးဆရာမလမင်းမိုမို ၊ တည်းဖြတ် ဟိန်းထက်(လယ်ဝေး) တို့ကိုလည်း Boycott ပြုလုပ်ဖို့ ဓာတ်ပုံတွေနဲ့ အတူတင်ထားတာပါ။
ထိုင်းနိုင်ငံမှာတော့ ဗြောသံရုပ်ရှင်အပါအဝင် ဘားတွေမှာပြုလုပ်လေ့ရှိတဲ့ ပြည်တွင်းက အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေအကုန်နီးပါး ပျက်သွားသည်အထိ Boycott ကအောင်မြင်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပွဲတတ်တဲ့ သူတွေကိုသာ Boycott ပြုလုပ်ဖို့ ပြောလေ့ရှိတာကြောင့် နာမည်ကြီးသူတွေ ပါဝင်ထားတဲ့ ရုပ်ရှင်တွေက အောင်မြင်မှုရနေပါသေးတယ်။
ဒါပေမယ့်လည်းဒီရက်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကြောင့် နာမည်ကြီး သရုပ်ဆောင်တွေကို ပြည်သူတွေ ကိုယ်တိုင် Boycott ပြုလုပ်နေကြတာကြောင့် စစ်ကောင်စီနဲ့ မိတ်ဖက်ဖြစ်သူတွေကို Boycottပြုလုပ်တာရော အောင်မြင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါမယ်။
















































