close
Connect with us

Hi, what are you looking for?

သတင်း

ဝီကီပီးဒီယား ကို စိန်ခေါ်မယ့် အီလွန်မတ်စ်ခ်ရဲ့ အွန်လိုင်းစွယ်စုံကျမ်း စတင်အသက်ဝင်

ကမ္ဘာကျော် အွန်လိုင်း စွယ်စုံကျမ်းဖြစ်တဲ့ ဝီကီပီးဒီးယား ( Wikipedia ) ကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတဲ့ Grokipediaဟာ စတင် အသက်ဝင်လာနေပြီ ဖြစ်ပါတယ်။

အောက်တိုဘာ – ၂၈ ၊၂၀၂၅/People’s Spring

ကမ္ဘာကျော် အွန်လိုင်း စွယ်စုံကျမ်းဖြစ်တဲ့ ဝီကီပီးဒီးယား ( Wikipedia ) ကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတဲ့ Grokipediaဟာ စတင် အသက်ဝင်လာနေပြီ ဖြစ်ပါတယ်။

Grokipediaကို ထူထောင်သူကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံထားရတဲ့ နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ်ပါ။ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ Xကိုလည်း ပိုင်ဆိုင်ထားတဲ့ မတ်စ်ခ်က သူဟာ ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့တွေပါ ပါဝင်မယ့် အွန်လိုင်း စွယ်စုံကျမ်း အသစ်ကို xAIက သူ့အဖွဲ့နဲ့အတူ ဖန်တီးနေတယ်လို့ ပြောပါတယ်။

မတ်စ်ခ်က xAIရဲ့ စွယ်စုံကျမ်း အသစ်ဟာ Wikipediaကို အများကြီး ပိုကောင်းအောင် မွမ်းမံ အဆင့်မြှင့်ထားတဲ့ သဘောမျိုး ဖြစ်လာစေမယ်လို့ စက်တင်ဘာလတုန်းက ကြွေးကြော်ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် စကြာဝဠာကြီးကို xAIက ကောင်းကောင်း နားလည်ဖို့ လိုအပ်တဲ့ ခြေလှမ်းတစ်ခုလို့ ခံယူကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၇ ရက်နေ့တုန်းက အွန်လိုင်းပေါ် ရောက်လာချိန်မှာ Grokipediaမှာ အကြောင်းအရာပေါင်း ၈၈၅,၂၇၉ ခု ရှိနေခဲ့ပါတယ်။ စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုတဲ့ သုံးစွဲသူ တချို့ကတော့ အမှားအယွင်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

အနက်ရောင် နောက်ခံကို အသုံးပြုထားတဲ့ ဝက်ဘ်ဆိုက်ဟာ စာလုံးဒီဇိုင်းတွေက Wikipedia၊ ChatGPTတို့နဲ့ ခပ်ဆင်ဆင် ပုံစံ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဝက်ဘ်ဆိုက်ကို ဗားရှင်းအဆင့် ၀.၁ လို့ဖော်ပြထားပြီး အကြောင်းအရာ ၈၈၅၂၇၉ ကို စာရင်းပြုစုထားတယ်လို့လည်း ဖော်ပြထားပါတယ်။

Wikipediaမှာတော့ အင်္ဂလိပ် ဘာသာနဲ့ ဖော်ပြထားတဲ့ အကြောင်းအရာ စုစုပေါင်း ၇,၀၈၁,၇၀၅ ခုရှိနေပါတယ်။

Grokipedia ဝက်ဘ်ဆိုက်စတင်ပြီးအွန်လိုင်းဖြစ်လာတဲ့အပေါ် Wikipedia၊ X၊ xAIနဲ့ မတ်စ်ခ်ကိုယ်တိုင်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။ မတ်စ်ခ်ဟာ သမားရိုးကျ အွန်လိုင်း ပလက်ဖောင်းတွေမှာ နိုင်ငံရေး အခြေပြု ဘက်လိုက်မှုတွေ ရောနှောနေတယ်လို့ ဝေဖန်ပြီး အဲဒီ ပလက်ဖောင်းတွေကို တိုက်ရိုက် စိန်ခေါ်ဖို့ အားထုတ်ခဲ့ပါတယ်။

၂၀၁၉ တုန်းကသူဟာ Wikipedia ဆိုတာဟာမရေမတွက်နိုင်တဲ့ အကြိမ် ကြိမ် ပြင်ဆင်မှုတွေ တပြုံတမကြီးနဲ့ ဝါဒဖြန့် စစ်မြေပြင် ဖြစ်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

၂၀၂၂ မှာတော့ သူက Wikipediaဟာ သေးနုပ်တဲ့ လက်ဝဲဝါဒ ဘက်လိုက်မှုတွေ ဖြန့်ဝေတဲ့ နေရာလို့ ဝေဖန်ခဲ့ပြန်ပါတယ်။

ဒါတင် မကသေးဘဲ သူဟာ Wikipedia ပူးတွဲထူထောင်သူ ဂျင်မီဝေးလ်စ်နဲ့လည်း အွန်လိုင်းမှာ လူသိရှင်ကြား အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။

ကိုးကား – Business Insider

ဆက်စပ်သတင်းများ

Facebook